ကျနော် ဒီနေ့ အသက် ၆ဝကျော်ခန့် ရှိသော အလုပ်ထဲမှ မိတ်ဆွေ တစ်ဦး နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ အလုပ်အကြောင်းအစ ပြုပြီး ပြောရင်းနဲ့ သူက ကျနော် ကို လွန်ခဲ့ တဲ့ အနှစ် ၅ဝ လောက်က ပေါ့ ဆိုပြီး ပုံပြင် ဆန်ဆန်ပြောသွားတယ်။ ကျနော်က အခု အသက် ၃ဝ တောင်မပြည့်သေးပါဘူး။ သူက လွန်ခဲ့တဲ့ အနှစ်၅ဝ လောက်က ဆိုတော့ ကျနော်တောင် မမွေးသေးဘူး။ သူပြောတဲ့ အကြောင်းအရာကလဲ စဉ်းစားကြည့်လိုက်ပါဦး ။ ၈၄ လမ်းပေါ် ၊ လမ်း၄ဝ နားလောက်က ဘီဒီ  ဆိုတာရှိတယ်။ ရေနွေးခရားကြီးကနေ လောင်းထဲ့ နေတဲ့ပုံကို နီယွန်မီးတွေနဲ့ အလှဆင်ထားတယ်ပြောတယ်။ နဂါး အိမ် […]