black chawMay 1, 20131min51932
ဟိုတုန်းက မပြိုကွဲသေးခင် ဆိုဗီယက် ပြည်ထောင်စု ကြီးရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အပိုဒ် (၁၂) မှာ ဖေါ်ပြထားတာလေး နည်းနည်း ကိုးကားခွင့်ပြုကြပါခင်ဗျာ…။ “အလုပ်မလုပ်သောသူသည် အစာစားရလိမ့်မည်မဟုတ်” အဲဒီလိုကြီးကို အတိအလင်း ဖေါ်ပြထားခဲ့တာနော် ကိုကို…။ ရှင်းပါတယ်…။ အစာစားချင် အလုပ်လုပ်… အလုပ်မလုပ်ရင် အစာမစားရ… ချဉ်ပေါင်ဟင်း နဲ့ စားရမှာလား…။ ဝက်သားဟင်းနဲ့ စားရမှာလား…။ အဲဒါကတော့ ကိုယ့်ဒေါသနဲ့ကိုယ်…။ ကိုယ့်သဘောကိုယ်ဆောင်…။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အပိုဒ် ၁၁ ကလည်း ဒီလိုဆိုထားပြန်ပါတယ် ကိုကို…။ “ဆိုရှယ်လစ် စီမံကိန်းအရ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည့်အခါ အလုပ်လုပ် နိုင်သော သူတိုင်း မိမိလုပ်နိုင်သော အလုပ်ကို လုပ်ကြရမည်” တဲ့…။ ဟုတ်တာပေါ့…။ ဘလက်ကြီးတို့လို ဆိုက်ကားနင်းနိုင်တဲ့လူက ဆိုက်ကားနင်းပေါ့…။ လုံမလေးတို့လို […]