fattyOctober 29, 20111min19610
တခါကျနော်ဗေဒင်သွားမေးပါတယ် …။ ဆရာကဘာဟောလဲဆိုတော့ ခင်ဗျား ပိုက်ဆံအတော်များများဝင်လိမ့်မယ်။ အဲဒီဝင်မဲ့ပိုက်ဆံကလဲ မင်း.. အစိုးရကချီးမြှင့်မဲ့ငွေတဲ့..။ အလုပ်လုပ်လို့ရတဲ့ငွေမဟုတ်ဘူးနော်တဲ့ ..။ ဒီတခါတော့ကျနော်တကယ်ကိုမယုံတော့တာပါ။ ကျနော်အလုပ်ကထွက်ထားတာကြာပြီ ဘာမင်းဘာ အစိုးရနဲ့မှ ပါတ်သက်တာမရှိဘူး အားအားယားယား ဟုတ်မဟုတ်စမ်းကြည့်အုံးမယ်ဆိုပြီး ဆရာ့ကိုဘယ်ရက်ကနေ ဘယ်ရက်အတွင်းလဲ ပြောနိုင်ပါသလားလို့ပြန်မေးလိုက်ပါတယ် ..။ နက္ခတ်ပညာဆိုတာ ရက် လ ခုနှစ်နဲ့ပြောနိုင်ပါတယ် ..။ ဆရာပြောတဲ့အတိုင်းဟုတ်မဟုတ်ထိုင်စောင့်ရုံပေါ့။ အလုပ်ကလည်းမရှိဆိုတော့အတော်ဘဲပေါ့။ ကဲဒီအတိုင်းစောင့်မဲ့အစား တရုပ်ပြည်ဘက် ခရီးထွက်ကြရအောင်ဆိုပြီး အမျိုးသမီးနဲ့ကျနော်တရုပ်ပြည်ဖက်ခရီးထွက်လိုက်ပါသေးတယ် ..။ မူဆယ်လမ်းအတိုင်း လမ်းမှာရှိတဲ့ဘုရားတွေအကုန်ဖူးရတာပေါ့ ပြန်လာပြီး၂ ပါတ်လောက်နေတော့အိမ်ကို စာ၂ စောင်ရောက်လာပါတယ်။ ဘာမှားလဲပေါ့ ဟိုက်ရှားပါး … ဖွင့်လဲဖတ်လိုက်ရော GSM ၂ လုံးပေါက်တယ်ဗျား။ ရောင်းစားတော့ တလုံးကို ၂၅ တောင်ရသဗျား လင်မယား ၂ယောက်စလုံးတပြိုင်နက် ကိုပေါက်တာ …။ဒါနဲ့ ဆရာနဲ့လဲခင်နေတော့ဆရာ့လဲပူဇောင်္ရင်းပညာလေးတော့ရှင်းပြပါအုန်းပေါ့။ […]


fattyOctober 28, 20111min21111
ကျနော်အရင်တပတ်ကကျနော့်အမျိုးသမီး ကိုယ်ဝန်ရှိနေတုန်းအသားဝါဖြစ်တော့ ဘာလီရည် သောက်စရာပိုက်ဆံမရှိတဲ့အကြောင်းရေးပြီးပြီနော် ..။ အဲဒီတုန်းက ကျနော် ပက်စီကိုလာ ဦးသိန်းထွန်းဆီမှာ အလုပ်လုပ်နေချိန်ပေါ့ဗျာ …။ ဦးသိန်းထွန်းဆိုတာမြန်မာနိုင်ငံမှာပထမဆုံးပေါ်တဲ့ သူဌေးကြီးတွေထဲမှာတယောက်ပေါ့ …။ အခုတော့ ထွန်းဖေါင်ဒေးရှင်း ဥက္ကဌဖြစ်မှာပေါ့ ကျနော်က ဦးသိန်းထွန်း Rap ရထားတဲ့ကုမ္ပဏိတွေကို ကိုင်ရပါတယ်။ ကျနော့အမျိုးသမီးလည်းတဖြည်းဖြည်းနဲ့မွေးချိန်နီးလာပါပြီ။ မွေးဖွားစားရိတ်ေလေးဘာလေးရှာရဖွေရပါအုံးမယ်။ ဗိုက်ကိုတော့ သူ့အဒေါ် OG ဒေါ်ခင်စောလှဆီမှာအပ်ထားပါတယ်။ ကျနော့လစာကအဲဒီတုန်းက ၃၀၀ဝ လောက်ဆိုတော့ စားဖို့သောက်ဖို့လောက်ဘဲရတယ်ေလေ။ အဲဒီကြားထဲကိုရီးယားတွေလာကြအုံးမယ်လို့ပြောတော့ သူဌေးကိုအဲဒါပြီးရင်ကျနော်ခွင်းယူမယ်ပြောထားလိုက်ရတယ် …။ အဲဒီမှာ …… ဗေဒင်မှန်ကြောင်းအဲံဲ့့ဩစွာတွေ့ရတော့တာပါဘဲ ….။ ကိုရီးယားတွေလာကြတော့ သူတို့နဲ့အလုပ်အတူလုပ်ရတယ် ။ ဦးသိန်းထွန်းက ကျနော့ကိုအကုန်လွှဲထားလိုက်တယ် ။ ညပိုင်းကျတော့မှ dinner စားရင်း သူ့ကိုရှင်းပြရတယ်။ ကံက အဆိုးထဲကကောင်းချင်တော့ ……… ကိုရီးယားတယောက်က မင်းလုပ်ပုံသဘောကျတယ်ဆိုပြီး ပြန်ခါနီးမှာ […]