weiweiNovember 9, 20141min40942
အောက်တိုဘာလဆိုတာ ကျွန်မအတွက်တော့ အမှတ်ရစရာပေါင်းများစွာရှိခဲ့တဲ့ လတစ်လဖြစ်ပါတယ်။ ကျွန်မရဲ့ လူ့ဘဝအစက အောက်တိုဘာလမှာပါ။ ငယ်ဘဝအားလုံးမှာ အောက်တိုဘာလဆိုတာ ပျော်စရာအကောင်းဆုံးလဖြစ်ခဲ့တယ်။ သီတင်းကျွတ်နီးရင် အမေက အကျီင်္အသစ်ဝယ်ပေးလေ့ရှိတယ်။ သီတင်းကျွတ်ဆိုတော့ လူကြီးမိဘတွေကို လိုက်ကန်တော့ကြလို့ မုန့်ဖိုးရတယ်။ အဖိုးနဲ့အဖွားနဲ့အတူနေတာမို့လို့ သူတို့ကို လာကန်တော့ကြတဲ့ မုန့်တွေကိုလဲ အားရပါးရစားရတယ်။ အိမ်ကို ဧည့်သည်တွေအလာများတယ်။ အရင်တုန်းက သီတင်းကျွတ်မီးထွန်းပွဲဆိုတာ ကလေးတွေအတွက် အရမ်းပျော်စရာကောင်းပါတယ်။ မီးပုံးလေးတွေကို ဝါးတုတ်ချောင်းထိပ်မှာ ဘီးလေးနဲ့တွန်းရတဲ့ မီးပုံးလှည်းလိုမျိုးနဲ့ ရပ်ကွက်ထဲ လှည့်တွန်းပြီး မီးထွန်းထားတဲ့အိမ်တွေကို လိုက်ကြည့်ကြတယ်။ ဖယောင်းတိုင်တွေပေါလို့လား သေချာမမှတ်မိပေမယ့် တစ်အိမ်လုံး ခြံစည်းရိုးတွေမှာ ပြူတင်းပေါက်တွေမှာ ဖယောင်းတိုင်တွေ စီထွန်းခဲ့ကြတာ အိမ်တိုင်းလိုလိုပါပဲ။ တစ်လမ်းလုံးလမ်းထိန်လို့။ မီးပုံးရှားပါးတဲ့အချိန်တွေက သစ်ရွက်လေးတွေနဲ့ ကိုယ်တိုင်လုပ် မီးပုံးလေးတွေလုပ်ပြီး ကစားခဲ့ကြတာကလဲ အမှတ်ရစရာဖြစ်ခဲ့ဖူးတယ်။ ကျွန်မရဲ့ အောက်တိုဘာလအပေါ် ပျော်ရွှင်ကြည်နူးမှုတွေကို အဆုံးသတ်သွားတဲ့ […]


မြန်တျန့်ဂဇက် ရွာသူရွာသားအပေါင်း မင်္ဂလာဆောင်ကြပါ…အဲ..အဲ..မင်္ဂလာပါဗျာ…. အခုတလောရွာထဲ လည်းရောက်တစ်ချက်ပျောက်တစ်ချက်နဲ့…စာတွေလည်းဖတ်ဖြစ်ပါရဲ့.. ကွန်မန့်တော့ ပေးဖြစ်တဲ့အခါလည်းရှိရဲ့ မပေးဖြစ်ပဲ ဖတ်ရုံဖတ်သွားခဲ့တာလည်းရှိရဲ့.. ရင်းနှီးခင်မင်သူတွေရော..လူသစ်တွေကိုပါ ကွန်မန့်တွေပေးဖို့… ကိုယ့်အကြောင်းနဲ့ကိုယ်ပျက်ကွက်နေမိခဲ့ပါတယ်…ဒီအတွက်ကြီးမိုက်စိတ်မကောင်းပါဘူး… ကြီးမိုက်အနေနဲ့က အင်တာနက်ကိုရုံးရောက်မှ သုံးဖြစ်တာပါ… ရုံးဆိုတော့လည်းထုံးစံအတိုင်း နိစ္စဓူဝ ရုံးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကြားကမှ…လှစ်ကနဲ..လှစ်ကနဲ ..ရွာထဲဝင် စာဖတ်ရတာဗျ..ဆိုတော့..မလွယ်ဘူးပေါ့ဗျာ.. `ဒါဆိုရင် ကြီးမိုက်ကိုယ်ပိုင်အချိန်တွေမှာကျတော့ ဘာလုပ်နေသလဲ??? ´ မေးတော့လည်းဖြေရတာပေါ့ဗျာ… မနက် ၄း၃ဝနာရီ… ကြီးမိုက်အိပ်ရာကထပါတယ်။ ၄း၄၅ မှာ မဒမ်မိုက်နဲ့ သူ့ညီမ ဒေါ်ဝတုတ်ကိုနှိုးပီး လမ်းဘေးဆိုင်ဖွင့်ဖို့ဝိုင်းလုပ်ကြပါတယ်။ ၅နာရီခွဲလောက် အိမ်ဖက်ပြန်လာ.. ရေနွေးတည်..သားတော်အတွက် ဘရိပ်ဖတ်စ်ပြင်..ကိုယ်တိုင်အတွက်လည်း..ကော်ဖီတစ်ခွက်ဖျော်…. ကော်ဖီလေးသောက်ရင်း လက်စွဲတော်ရေဒီယိုလေးဖွင့်…BBC, VOA (စစ်အစိုးရအဆို..မိုးလုံးပြည့်မုသာဝါဒများ) ကိုနားထောင်ရင်း…. သားနိုးပီဆိုပြန်တော့ လုပ်ပေးထားတဲ့ ဘရိပ်ဖတ်စ်ကို စားဖြစ်အောင် ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ မိုးမလင်းခင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ငေါက်ပီးကျွှေးရသေးဗျား.. ကျုပ်တို့ငယ်ငယ်ကနဲ့များကွာပါ့..ကျုပ်တို့ငယ်ငယ်က မနက်အိပ်ရာထတာနဲ့ […]


“ဖတ်ရွေး အကြိုက် ဇွန် လကို ကြေ ညာ ပေး ခြင်း “   2014ခုနှစ် ဇွန် လ အတွက်  မန်းလေး ဂေဇက် ရွာ ထဲ  မှ ရေး သား ခဲ့ သမျှ စာ မူ များ ထဲ က ဖတ်ရွေးအဖွဲ့ ဝင် များ ရဲ့ အကြိုက်ဆုံး စာ မူ ကေ တာ့   ကျိန်စာသင့်သော ငွေငါးသိန်း  ဦးဦးပါလေရာ https://myanmargazette.net/199381   ဖြစ် ပါ တယ်။ ပ ထ မဆုံး ပြော ချင် တာ က တော့  ဦး […]