ဂ်စ္စူNovember 19, 20101min721
ကျောက်စိမ်းထွက်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ အပတ်ကတည်းက မြေပြိုမှုကြောင့် လူအနည်းဆုံး ၅ဝ လောက် သေဆုံးခဲ့ပြီး ခုချိန်ထိ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ အာဏာပိုင်တွေက ထိရောက်တဲ့ ကူညီဆောင်ရွက် ပေးတာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသွားသူတွေဟာ တစ်သုံးလုံး ကုမ္ပဏီက ကျောက်ရိုင်းတုံး ကောက်သူတွေဖြစ်ပြီး အများစုက ဖားကန့်ဒေသခံတွေ ဖြစ်ပါတယ်။ သေဆုံးသွားသူတွေရဲ့ အလောင်းတချို့ကို ကုမ္ပဏီက ထုတ်ပေးခဲ့ပြီး ကျန်တဲ့ အလောင်းတွေကိုတော့ အခုချိန်ထိ မထုတ်ပေးတဲ့အတွက် ဖားကန့်မြို့ခံတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့ မော်လကိန်ကျေးရွာမှာ ပြီးခဲ့တဲ့အပတ် စနေနေ့ မနက်က တစ်သုံးလုံး ကုမ္ပဏီ သွန်ထားခဲ့တဲ့ မြေစာပြိုတဲ့အထဲ […]