ဒီနေ့အဖို့ ကျနော်တို့ ရွာမှာ အသုံးတွင်ကျယ်တဲ့ စကားလေးတွေ အကြောင်းကို ပြောချင်ပါတယ်။ စကားက နှစ်မျိုးရှိတယ်ဗျ။ တစ်မျိုးက လူတိုင်း နားလည်တဲ့ စကားမျိုး။ တစ်မျိုးက လူငယ်တွေပဲ နားလည်တဲ့ စကားမျိုး။ အဲ … ပထမ အမျိုးအစားက မခက်ပေမယ့် လူငယ်တွေပဲ နားလည်တဲ့ စကားကတော့ နည်းနည်းလေးတော့ ရှုပ်တယ်။ ရှုပ်မှ လူကြီးတွေ မသိမှာကိုးဗျ … နော့ ။ ရွာမှာ လူအများစု သုံးနေတဲ့ စကားလုံး အချို့ကတော့ … ကိုယ့်မျက်စိထဲ သိပ်ပြီး ဘဝင်မကျတဲ့ လူတစ်ယောက်ကို ပြောတဲ့အခါ … “ဒီကောင်က အယိုင် ပါကွာ” လို့ သုံးပါတယ်။ အယိုင် … အယိုင်ကြီး ပါကွာလို့ ပြောကြတယ်ဗျ။ […]