Diamond KeyMarch 21, 20121min22310
ကျွန်တော် ငယ်ငယ်တုန်းက မြန်မာ တပ်မတော်သား (စစ်သား) တွေကို အတော်နှစ်သက်တယ်။   ဘာလို့လည်း ဆိုတော့ ကျောင်းစတက်တော့ စစ်သားဆိုတာ အမျိုးသား ဖခင်ကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အသက်သွေးချွေးတွေနဲ့ စတင်ပေါ်ထွန်းအောင် စွမ်းဆောင်ခဲ့တဲ့ ပြည်သူ့တပ်မတော်က  ပြည်သူတွေကို ကာကွယ်ဖို့ စစ်ပွဲတွေ ဝင်နေရတဲ့ ပြည့်သူ့သားကောင်း (စစ်သား) တွေလို့ သိထားလို့ပါ။ ဗိုလ်ချုပ်ကို ချစ်တယ်။ ဗိုလ်ချုပ် အသက်သွေးချွေးတွေနဲ့ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးကိုရော၊ တပ်မတော်သား (စစ်သား) တွေကိုပါ သူတို့ရဲ့ ဖခင်ကြီးဗိုလ်ချုပ်နဲ့ အတူ ချစ်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက နယ်မြို့လေးတစ်မြို့မှာ နေခဲ့ရဖူးတယ်။ ကျွန်တော်တို့ နေတဲ့ အိမ်က မြို့ထိပ်မှာ ရှိတာရယ်၊ အိမ်ဝင်းကျယ်တာကြောင့် အဲဒီတုန်းက ရှေ့တန်းသွားရမယ် စစ်သားတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်က […]