who whoJanuary 6, 20121min792
စာပေသဘောတရားနှင့် ပတ်သက်လို့ ဗိုလ်ချုပ်၏ ခံယူချက်ကား ဤသို့တည်း။ “စာပေသဘောတရားနှင့် ပတ်သက်၍ ၊ မိမိရေးလိုက်သည့် စာပေ သည် အမြဲတမ်းရှင်သန်နေရမည်။ အဖျက်သဘောမပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်။ ခေတ်မှီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်။ ရှိ ရင်းစွဲအရာတစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေ ရမည်။ ခေတ်အလိုက် လူ့လောကတိုးတက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်။ စာဖတ်ပရိသတ်အားလုံးအား တစ်နေ့ထက်တစ်နေ့ တိုးတက် ကြီးပွားစေမည့် စာပေမျိုးဖြစ်ရမည်။”လို့ ရေးသားထားတာကို ဖတ်ခဲ့ရသည်။ ဒီမှာပဲ ဗိုလ်ချုပ်ရဲ့ ရည်ရွယ်ချက်ကြီးမားပုံကို တွေ့ရပါတယ်။ အော် စာအုပ်စာပေ လူ့မိတ်ဆွေဆိုသလို စာပေမှ အသိအလိမ္မာတွေ တိုးစေ သလို အဆိပ်အတောက် ဖြစ်စေတာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် စာရေးတဲ့အခါမှာ အထူးသတိထားလို့ ရည်ရွယ်ချက်ကောင်းဖို့ […]


who whoJanuary 4, 20121min1505
ဗိုလ်ချုပ်အောင်ဆန်း အမည်ဖြင့် ဗိုလ်ချုပ်ကိုယ်တိုင်ရေးထားသော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ပညာနှင့်ပတ်သက်၍ သူ၏ အယူအဆများကို တွေ့ရသည်။ “ ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်၊ စာအုပ်ကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဉာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။ ရာဇဝင်သိရုံသာမဟုတ်။ ရာဇဝင်ကို ဖန်တီးနိုင် ရမည်။ လောကဓါတ်ပညာကို သိရုံသာမဟုတ်။ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ပထမပညာကို သိရုံသာမဟုတ်။ မြေသစ်၊ ရေသစ်၊ တောတောင်သစ်တို့ကို ရှာဖွေ စုံစမ်း နိုင်စွမ်းစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာ မဟုတ်။ သည့်ထက် ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။” ဟု […]


who whoJanuary 4, 20121min25410
လွတ်လပ်ရေးနေ့ အမှတ်တရမှသည်… ဗိုလ်ချုပ်ပေးသော အသိလေးများ(၁) အင်း…ဒီနေ့က လွတ်လပ်ရေးနေ့မို့ အလုပ်တွေအားလုံးကို နားထား ပြီး သိပ်ကို လုပ်ချင်နေသော ဆန္ဒတစ်ခုကို အကောင်အထည် ဖော်ရပါတော့ မယ်။ အဲဒါကတော့ ဗိုလ်ချုပ်နှင့် ပတ်သက်လို့ သူ့ရဲ့ အယူအဆတွေ၊ သူ့ရဲ့ စိတ်ဓါတ်တွေ၊ သူ့ရဲ့ ခံယူချက်တွေက ဘာတွေလဲ ဆိုတာတွေကို သိချင်ခဲ့တာ ကြာပါပြီ။ သူ့အကြောင်းလေ့လာဖို့ အချိန်မပေးနိုင်တာလည်းပါသလို အလှည့် တွေက များနေတာကြောင့် အင်း…ငါ ဒီနေ့တော့ဖြင့် ရှိသမျှ လုပ်စရာတွေ အသာထားလို့ ဒို့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ လေ့လာ အတုယူစရာလေးတွေကို အေးအေးဆေးဆေးလေး ဖတ်မှတ်လေ့လာပါဦးမယ်ရယ်လို့ ဆုံးဖြတ်မိတာ ကြောင့် စာအုပ်ဆိုင်တွေမှာ ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ထွက်သမျှစာအုပ်တွေကို လိုက်ဝယ်ခဲ့တယ်။ တကယ်တော့ ငယ်ကတည်းက ကျောင်းသင်ခန်းစာမှာ ပါသလောက်သာ သမိုင်းကို […]