Phaung PhaungFebruary 15, 20121min811
ငယ်စဉ်ကကျောင်းဖတ်စာမှာသင်ခဲ့ရတဲ့ ဗိုလ်ချုပ်ရဲ့ကဗျာလေးကို ပြန်ဖော်ထုတ်လိုက်ပါတယ်။ အခုခောတ်ကလေးတွေ ဒီကဗျာလေးကို မသိကြလို့ပါ။ ဗိုလ်ချုပ်ရဲ့သမိုင်းကြောင်းကို တိုင်းပြည်ကိုလက်ဝါးကြီးအုပ်ထားတဲ့လူတစ်စုကဖျောက်ဖျက်ထားကြသောကြောင့် ပျောက်ကွယ်ခဲ့ရပါတယ်။ဒါကြောင့် ဒီကဗျာလေးကိုပြန်တင်ပေးလိုက်ပါတယ်။ သိပြီးသားသူတွေကလဲ သည်းခံပေးပါ။ “ ဖေဖေါ်ဝါရီ တစ်ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင်ဒေါ်စုသား တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် မျက်ရည်သွန်လို့ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး ပြည်ထောင်စုရဲ့ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင် ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ”