black chawDecember 27, 20111min34641
သူကြီးရေ။ ပြီးခဲ့တဲ့ ရက်များအတွင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိ ကို ရုပ်ရှင်ရိုက်ကြမည် ဆိုတဲ့ သတင်းကို ကြားမိပါတယ်။ ၂ဝ ရာစု မြန်မာနိုင်ငံရဲ့ အလင်းလက်ဆုံး ကြယ်ပွင့်ကြီးအတွက် ဘလက်က စိုးရိမ်ကြောင့်ကြ ဖြစ်မိပါတယ်။ ရုပ်ရှင်မရိုက်မီ ဘလက်တို့ ရင်ထဲက ချစ်ခင်လေးစား တန်ဘိုးထားရပါသော ဗိုလ်ချုပ်၏ ပုံရိပ်သည် ရုပ်ရှင်ရိုက်လိုက်မှ တန်ဘိုးလျော့သွားမှာ စိုးရိမ်မိတာ ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ သမီးအရင်းဖြစ်သူ အမေစု က ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ရိုက်ချင်သည်။ မြန်မာ့ရုပ်ရှင် လောကသား များကလည်း လိုအပ်သည့်နေရာက ကူညီကြမည်ဟု တက်ကြွစွာ ပြောဆိုကြပါသည်။ ဘလက်တို့ အစိုးရကလည်း လိုအပ်သည်များကို ကူညီကြမည်ဟု တရားဝင်ပြောကြားထားပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း သည် တစ်ဦးတစ်ယောက်တည်းအပိုင် မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာပြည်သူပြည်သားအားလုံး၏ […]