no love,no peaceDecember 1, 20101min620
မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းလာပြီး ထေရဝါဒဗုဒ္ဓဘာသာကိုအကြွင်းမဲ့သက်ဝင်ယုံကြည်သော ကျွန်တော်သည် မြန်မာနိုင်ငံသားတစ်ဦးပီပီ မြန်မာ့နိုင်ငံရေးအကြောင်းကိုလည်း စိတ်ဝင်စားပါသည်။ နိုင်ငံအတွက် အကျိုးရှိမည့်ကိစ္စများကို စာတိုတစ်ကြောင်းဖြင့် ဖြစ်မြောက်အောင် ရေးသားနိုင်ခြင်း မရှိခဲ့သည့်အတွက်လည်း အလွန်ပင်အရှက်ရဝမ်းနည်းမိပါသည်။ မိမိတွေ့ကြုံခဲ့ရသော ဘဝသင်ခန်းစာများ၊ ရင်းနှီးခဲ့ရသောအချိန်များ၊ အမှန်တရားကိုမြတ်နိုးတတ်လာသောနှလုံးသား၊ မိမိ၏ တစ်ထွာတစ်မိုက် ဉာဏ်ဖြင့်သာ ခံစားရမှု့တို့ကို ရေးသားရခြင်းဖြစ်ပါ၏။ မြန်မာ့နိုင်ငံရေးအကြောင်း မင်းဘယ်လောက်နားလည်သလဲ  လို့မေးခဲ့သည်ရှိသော် နားလည်လို့ရေးတာမဟုတ် ခံစားမှုကိုသာ ရေးဖွဲ့ခြင်းဖြစ်ပါကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။ ပထမဆုံးရေးသားသော စာဖြစ်သောကြောင့် ဆန္ဒဖြင့်ကိုက်ညီမှုမရှိခဲ့ရင် ခွင့်လွှတ်ပေးပါရန်ကိုလည်း တောင်းပန်အပ်ပါသည်။ ကံကိုယုံကြည်သူပီပီ အကြောင်းကောင်းအောင် လုပ်ခဲ့ရင်အကျိုးကောင်းအောင် ရမှာကိုလည်း သက်ဆုံးတိုင်ယုံကြည်ပါ၏။ ကျွန်တော်သည် ၁၉၇၅ခုနှစ်တွင် မွေးဖွားသောကြောင့် ၁၉၉ဝပြည့် ရွေူးကောက်ပွဲတွင် အသက် ၁၈ နှစ်မပြည့်သေးပါ။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ထောက်ခံမဲမပေးခဲ့ရပါ။ လက်ခုပ်တီးပြီး NLD […]