Yin Nyine NwayDecember 1, 20111min21515
ကျွန်မ အလုပ်မှာ လေဘယ်တော်တေ်ာများများရှိပါတယ် ဒဂုံတောင်ပိုင်း မြောက်ပိုင်းကလူ…. စက်မှုဇုံမျိုးစုံက လူ … အောက်တန်းအဆင့် တရက်လုပ်ခ တရက်စားရတဲ့လူတွေလဲပါပါတယ် တရက်မှာတော့ အလုပ်သမားခေါင်းဆောင် ဦးလေးကြီးက သူ့သမီးလေးကို အလုပ်ခေါ်လာပါတယ် စနေနေ့ကြီးဆိုတော့ သမီးလေး ကျောင်းပတ်တယ်ထင်ပါ့ ကျွန်မက စမ်းချောင်းမှာ စာသင်နေတော့ ဝါသနာကမနေနိုင် စာမေးပွဲနီးပြီဆိုတော့ သမီးလေးကို မေးကြည့်မိလိုက်ပါတယ် သမီးလေး စာရပြီလား စာမကျက်ဘူးလားဆိုတော့ သမီးလေးက စာကျက်လဲဘာလုပ်ရမှာလဲတဲ့ ကျွန်မမျက်လုံးပြူးသွားတယ် ဘာလို့လဲလို့မေးတော့ ကျောင်းမှာ စာမေးပွဲအောင်လို့ အဆင့်ရရင် အဆင့်တစ်က 3သောင်းပေးရတယ်တဲ့ အဆင့်နှစ်က 2သောင်း အဆင့်3 က 1သောင်းပေးရတယ်တဲ့ ဘာဆိုင်လို့လဲ အောင်တဲ့သူကို သူတို့က ဆုချရမှာလေဆိုတော့ ဆုချဖို့ကောက်တာဆိုပဲ တော်တော်လေးပြောင်းလဲလာတဲ့ မြန်မာနိုင်ငံ သူ့အဖေကလည်းပြောထားတယ်တဲ့ အဆင့်ပါလာရင် ကျောင်းမအပ်ပေးဘူးလို့ပြောတယ်တဲ့ ဒိလိုပဲ အားလုံးက […]