black chawJune 13, 20121min38835
(သိကြဘို့က မြန်မာ့ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုကို မနာလိုမရှိစိမ့်နိုင်ကြတဲ့ အိမ်နီးချင်းအချို့ ရှိတာကိုသတိချပ်ကြဘို့လိုပါတယ်။) သူကြီးရဲ့ ပို့စ် Clinton on Violence in Burma’s Rakhine State ပို့စ်မှာ ဆရာမောင်မိုးညိုပေးတဲ့ ကွန်းမန့်ထဲမှာ ပါတဲ့ စကားလုံး တချို့ပါ။ ပညာရှိ တွေးတာ ပြေးကြည့်တာထက်မှန်သတဲ့။ ဆရာမောင်မိုးညို စကားနဲ့ အလားတူတဲ့ စာတချို့ကို ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့ထုတ် Favourite Journal ထဲမှာ ဆရာဖိုးသောကြာလည်း ရေးခဲ့ဘူးပါတယ်။ နည်းနည်းလေး ထုတ်နှုတ်ပြပါရစေဦး…။ မြန်မာနိုင်ငံခေါင်းထောင်လာမှာကို “မနာလိုမရှုစိမ့်တဲ့ စိတ်” မျိုးထက် အဆများစွာ ဆိုးရွားယုတ်မာတဲ့ “စိမ့်ဝင်ဖျက်ဆီးနည်းဗျူဟာ” ကို သုံးနေသလားလို့တော့ သံသယဝင်မိတယ်ဗျာ။ “သိတ်မှန်တာပေါ့ဗျာ။ အနောက်ကမ္ဘာဟာချမ်းသာကြွယ်ဝပြီး မြင့်မားတဲ့နည်းပညာကို ပိုင်ဆိုင်တယ်။ နိုင်ငံသားတွေရဲ့ အရည်အသွေး […]


black chawFebruary 16, 20121min40931
ဒီရက်ပိုင်း ကျွန်တော် ရန်ကုန်တက္ကသိုလ်ထဲက စာကြည့်တိုက်ကို မကြာခဏရောက်ဖြစ်ပါတယ်။ အဲဒါနဲ့ပဲ စာကြည့်တိုက်အကြောင်းရေးမိတယ် ဆိုပါတော့ဗျာ။ ကျွန်တော် တို့ နိုင်ငံမှာ စာကြည့်တိုက်တွေ မကြာခဏဖွင့်နေတာ သတင်းစာတွေမှာ ဖတ်နေရပါတယ်။ အဲဒီစာကြည့်တိုက်တွေမှာ ရှိသင့်ရှိထိုက်တဲ့ စာအုပ်တွေ ရှိနေပါရဲ့လား။ အဲဒီ စာကြည့်တိုက်တွေဟာ ပြည်သူလူထုနဲ့ အမှန်တကယ် ရင်းရင်းနှီးနှီး ရှိနေပါရဲ့လား။ ပြည်သူလူထု ဟာ စာကြည့်တိုက်တွေကို သုံးစွဲရကောင်းမှန်းရော သိကြပါရဲ့လား။ စာကြည့်တိုက်တွေ ဖွင့်နေတာက အမှန်တကယ်ကောင်းပါတယ်။ အဲဒီစာကြည့်တိုက်တွေကို ဘယ်လို အသုံးပြုရမလဲ ဆိုတာလေးကိုလည်း ပြည်သူလူထု နှင့် မိတ်ဆက်ပေးသင့်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် တက္ကသိုလ်ပညာ ဆည်းပူးနေကြတဲ့ လူငယ်လူရွယ် တွေကို မေးကြည့်မယ်ဆိုရင် စာကြည့်တိုက်ဆိုတာ ရည်းဇားနဲ့ ကျူရမယ့် နေရာလို့ ဖြေကြပါလိမ့်မယ်။ သူတို့မှာလည်း အပြစ်မရှိရှာ ကြပါဘူး။ […]


black chawFebruary 6, 20121min35149
ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ ဟာ ချစ်သူများနေ့ (Valentine’s Day) ပါတဲ့။ မြန်မာပြည်ထဲကို ဘယ်လို ပုဂ္ဂိုလ်က တင်သွင်းလာခဲ့တယ်မသိပါ။ အခုလိုအချိန်မှာတော့ လူငယ်စုံတွဲတွေအတွက် အမှတ်တရနေ့လေးတစ်နေ့ ဖြစ်နေခဲ့ပါပြီ။ ချစ်သူမဖြစ်သေးသူ အီစီကလီ မောင်မယ် များကလည်း Valentine’s Day မှာ အဖြေရအောင် ကြိုးစားကြ။ ချစ်သူဖြစ်ပြီးသူ မောင်မယ်များကလည်း Valentine’s Day မှာ အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေ ဖလှယ်ကြ။ အမှတ်တရ ကဒ်လေးတွေ အပြန်အလှန်ပို့ကြ။ ချစ်သူစုံတွဲတွေကလည်း Valentine’s Day ကို ဘယ်လိုဖြတ်သန်းမလဲ ဆိုတာ ပလန်တွေ ကိုယ်စီနဲ့ ပေါ့လေ။ Valentine’s Day အမှတ်တရ လက်ဆောင်အရောင်းဆိုင်တွေကလည်း တော်တော် များများကြီးကို ရှိနေခဲ့ပါပြီ။ အဲဒီ Valentine’s Day […]


black chawOctober 21, 20111min31719
စာရေးဆရာမ ဂျူး ၏ လုံးချင်းဝတ္ထုတစ်အုပ် နာမည်မှာ မရှိမဖြစ် မိုး ဟူ၍ ဖြစ်ပါသည်။ မရှိမဖြစ် ဟူသော အသုံးအနှုန်းနှင့် ကျွန်တော် သိတ်မရင်းနှီးလှပါ။ သို့သော် ဆရာမ ဂျူး ၏ ဝတ္ထုကို ဖတ်ပြီးချိန်မှစ၍ မရှိမဖြစ်ဆိုသည့် စကားလုံးလေးကို ကျွန်တော် နှစ်ခြိုက်မိပါတော့သည်။ ဆရာမ ဂျူးက ESSENTIAL (မရှိမဖြစ်) ဆိုသောစကားလုံးအပေါ် မင်းသမီးခင်မိုးမြင့်၏ စရိုက်တစ်ခုအဖြစ် စာဖတ်သူကို အသိပေးသွားခဲ့ပါသည်။ “ အလုပ်ထဲဝင်တဲ့အခါ အလုပ်စခန်းတစ်ခုလုံးမှာ ကျွန်မဟာ မရှိရင် မဖြစ်အောင် တန်ဘိုးရှိဘို့ အမြဲကြိုးစား ထိန်းသိမ်းခဲ့တာပဲ။ မန္တလေးမှာ ကျွန်မ ကိုယ်ပိုင်အလုပ်တွေ ရှိတယ်။ အဘွားနဲ့ စိတ်ချလက်ချ လွှဲထားရတယ်။ အဲဒီအလုပ်မှာလည်း လူအားလုံးအတွက် ကျွန်မ မရှိရင် မဖြစ်လောက်အောင် လိုအပ်နေဖို့ […]