ခရေပန်းဆိုတာနဲ့ ငယ်ဘဝလေးကို ပြေးမြင်မိသလိုပါပဲ ကျွန်တော်ဟာ ခရေပန်းလေးတွေကို သိပ်ချစ်ခဲ့တယ်။ သိတတ်စ လေးနှစ်သားလောက်ကတည်းက သစ်ပင် ပန်းပင်တွေနဲ့ ရင်းနှီးခဲ့သူမို့ ကျွန်တော်ဟာ သစ်ပင် ပန်းပင်တွေကို အရမ်းချစ်တယ်။ ကျွန်တော့်ဖေဖေက ကျွန်တော်လေးနှစ်သားမှာ ဆုံးပါးခဲ့တာဆိုတော့။ အဲ့သည်တုန်းက ကျွန်တော်တို့အိမ်ရှိတဲ့ ခြံလေးဟာ ပေ(၂၀)ကျယ်တယ်။ အပင်စိုက်လို့ရအောင် ကျယ်တယ်လို့လည်း ပြောလို့ရတာပေါ့။ ကျွန်တော်က မောင်နှမငါးယောက်ထဲမှာ အငယ်ဆုံး။ အဲ့သည်တုန်းက အစ်မအလတ်က နေကြာပန်းပင်တွေစိုက်တယ်။ အစေ့ထုတ်လို့ရတဲ့ နေကြာပန်းတော့မဟုတ်ဘူး လက်တစ်ဝါးစာပွင့်တဲ့ ပန်းနေကြာတွေ တစ်ပင်မှာ တစ်ပွင့်တည်းမဟုတ်ပဲ အများကြီးပွင့်တဲ့နေကြာတွေ အရမ်းလှ အရမ်းမွှေးပေါ့။ အစ်မငယ်ကတော့ နံနံပင်တို့ မုန်လာပင်ပေါက်တို့စိုက်တယ်။ မျိုးစေ့တွေဝယ်ပြီးတော့။ တစ်အိမ်စာ တစ်နိုင်တစ်ပိုင်ပေါ့။ ကျွန်တော်တို့အိမ်က ပေ(၂၀)နှစ်ထပ်ဆိုတော့ ခြေတံရှည်အိမ်အမျိုးအစားပေါ့။ အောက်ထပ်ကတော့ တစ်ဝက်သာရှိပြီး နောက်ပိုင်းကိုတော့ ခြံခတ်ပြီး ဖေဖေရှိစဉ်တုန်းက ကြက်တွေ […]