manawphyulayJune 7, 20121min19912
အခြေခံလက်လုပ်လက်စားဘဝတွေ ဘာကြောင့် မတိုးတက်တာလည်းလို့ ခုတစ်လော စဉ်းစားနေမိတယ်။ သူတို့တွေရဲ့ တစ်နေ့တာ ပုံမှန်ဝင်ငွေတွေကော ဘယ်လောက်ရကြလို့လဲ။ နိုင်ငံကြီး တစ်နိုင်ငံပြောင်းလဲဖို့ဆိုတာ အလွှာပေါင်းစုံက ကြိုးစားမှု လိုတယ်လို့ မြင်မိတယ်။ ခုကတော့ ပြောင်းလဲနေပြီလို့ လူအတော်များများက ပြောကြတယ်။ အင်း မြင်ရတာကတော့ ခုဆို လှည်းတန်းခုံးကျော်တံတားစီမံကိန်းလည်း စနေတာ မြင်နေရသလို ဘုရင့်နောင်ခုံးကျော်အတွက်လည်း အလံတိုင်တွေစိုက်ပြီး အလုပ်စနေတာကို တွေ့ရှိရတယ်။ ဒါဆိုရင်တော့ ပြောင်းတော့ ပြောင်းလဲနေပြီး လူတွေပဲ ပြောင်းလဲဖို့လိုတော့တယ်ဆိုတာ သိသာထင်ရှားနေပါပြီ။ ဒါဆိုရင်တော့ တစ်နေ့တာ လက်လုပ်လက်စားဘဝတွေကိုလည်း မြှင့်တင်ပေးဖို့ မလိုပေဘူးလား။ သူတို့တွေရဲ့ဘဝက လစာနေလို့ ဒီနေရာကနေ မတက်တာလား ဒါလည်း မဟုတ်ဘူးဆိုတာ လေ့လာမိသလောက် သိရတယ်။ ဘယ်လိုကြောင့်ဆိုတာ စဉ်းစားလို့ကို မရဘူး။ တစ်နေ့ ကားစီးရင်း ဘေးက အစ်မတစ်ယောက်နဲ့ […]