manawphyulayAugust 5, 20111min18613
တကယ့်ကို မကြုံဖူးတဲ့နေ့ကို ကြုံဆုံလိုက်ရတာပဲ ဖြစ်ပါတယ်။ မနေ့က အလုပ်က ပြန်တာလည်း နောက်ကျ၊ ကားကမရနဲ့ ရတဲ့ကားကို စီးတော့ ထိုင်ခုံမရှိဘူးတဲ့ ဒါနဲ့ လှိုင်သာယာပြန်မယ့် ၃၆ ယာဉ်လိုင်းကားကို တက်စီးမိတယ်။ အင်းစိန်ပြန်မှာဆိုတော့ မိုးတွေက အရမ်းရွာထားတော့ ကားက တစ်စီးမှ မရှိတာနဲ့တက်စီးလာခဲ့တာ ရ နာရီ ၁၅ မိနစ်လောက်ရှိတော့ ပိတောက်ချောင်းမှတ်တိုင်နားရောက်နေပြီ။ ဒါနဲ့ ကားက ရှေ့ကို ဆက်သွားလို့မရတော့ဘူး။ ဘာဖြစ်လို့လဲပေါ့ ကြည့်လိုက်တော့ ရှေ့တစ်လျှောက်လုံး ကားတန်းကြီးပိတ်နေတာ ၄ တန်းလောက်ရှိတယ်။ ဟိုဘက်က ပြန်တဲ့ကားလမ်းတောင် မရှိသလောက်ဖြစ်နေတယ်။ ဒါနဲ့ ကျွန်မ စီးလာတဲ့ကားက ကားတန်းကို ကျော်တက်လိုက်တာ ကားတန်းက ၅ တန်းဖြစ်သွားတယ်။ ကျော်တက်လာတုန်း လူတွေ လမ်းလျှောက်လာတာ တော်တော်များများတွေ့ရတယ်။ လှိုင်သာယာစက်မှုဇုံထိကားတန်းပိတ်နေတာ ညနေ […]