lu ta loneApril 21, 20101min1342
လူတလုံးတယောက် ပျောက်ချက်သားကောင်းတာတော့ မပြောနဲ့တော့… ရုံးပိတ်ရက် စကတည်းက ဘုန်းကြီးဝတ်လိုက်တာ ခုမှ ပြန်ထွက်လာတာ… အကောင်းဆုံး သီလ စောင့်ထိန်းပြီး ဝတ်ခဲ့တဲ့အတွက် နတ်လူသာဓုခေါ်ကြပါစေသောဝ်… ပြောချင်တာလေးကတော့ အခုမှ စတာဗျ… ဘုန်းကြီးဝတ်တော့ ၉ရက်လောက်ဆိုတော့… အ အားလဲ မနေချင်တော့ ဘုရားစာတွေ ပရိတ်တွေ ကျက်တယ်ပေါ့… အဲဒါကို ကျောင်းထိုင်ဆရာတော်က သိတော့ သဘောကျတယ်ဗျ… အဖေနဲ့ကလည်း ဆရာတော်က ဆရာတွေ ဒကာတွေဆိုတော့ လူတလုံးကို ပိုပြီး ဆရာတော်က သိတယ်ပေါ့ဗျာ… ပြောချင်တာကတော့ အဲလို ဘုရားစာတွေလဲရ ရွတ်တတ်တော့ နှစ်ဆန်းတရက်နေ့မှာ လာပင့်တဲ့ အိမ်တွေက များတယ်ဆိုတော့ ကိုယ်တော်လည်း ကြွရမယ်ဆိုပြီး ဆရာတော်က အမိန့်ရှိတယ်… အဲဒီမှာစတာပဲ… ကြွရမှာက အာရုဏ်ဆွမ်းကိုပဲ ၃ခု မွန်းလတ်ဆွမ်းက တခုပေါ့..ပေါင်း ၄ခုဗျ.. […]