လင်းဝေMarch 22, 20121min30925
ဒီဆိုက်ပေါ်မှာလည်း မန္တလေးက မစ္စတာပေါက် ရဲ့ ကင်မရာနှိပ်ချက်များနဲ့ တက်လာဖူးတဲ့ ပုံတွေရှိပါတယ်။ ကောင်းမှုတော် ဘုရားကြီး ရွှေရောင်ဝင်းပပ နဲ့ သပ္ပါယ်နေပုံများ။ ဒီကောင်းမှုတော် ဘုရားကြီး ကို ရွှေဆေးသင်္ကန်း ကပ်လှူမယ် ဆိုတဲ့ ထုတ်ပြန်ချက် ထွက်လာတော့ အမြင်တွေအမျိုးမျိုးပေးကြတာလည်းမှတ်မိကြပါဦးမယ်ထင်ရဲ့။ အဖြူရောင်ထုံးသင်္ကန်းနဲ့သာ တင့်တယ်ပါတယ် ဆိုတာမျိုး။ ရှေးက ပုံစံအတိုင်း သူ့မူသူ့ဟန်နဲ့ ရှိနေတဲ့ ကောင်းမှုတော် စေတီကြီးကို ရွှေရောင် သဘောင်္ဆေးတွေသုတ်တာ မသင့်တော်ပါဘူး ဆိုတာတို့ပေါ့။ ကိုယ် ကိုယ်တိုင်လည်း အင်း ….. မူလ ထုံးသင်္ကန်းအဖြူရောင်နဲ့ ဗိသုကာပုံထူးခြားတဲ့ ကောင်းမှုတော်ဘုရားကြီးကို မူလအတိုင်း မူလပုံရိပ်အတိုင်းသာ ကြည်ညိုဖွယ်လို့ တွေးထင်မိပါတယ်။ အဲဒီကိစ္စကို မြစ်ဆုံလို မကန့်ကွက်ကြပေမယ့် အသံလေးတွေတော့ ထွက်လာခဲ့ကြသေးတာပါပဲလေ။ ဘုရားဂေါပက ကိုလည်း နားမလည်နိုင်ဖြစ်မိပါတယ်။ ဘာဖြစ်လို့များ […]