တစ်နေ့သောအခါက တစ်ညနေခင်းပေါ့…ကျွန်တော်အားနေတာနဲ့ မင်္ဂလာဒုံ ဝါယာလက်ကားဂိတ်မှာ ကွမ်းတစ်ယာကို တစ်မြုံ့မြုံ့ဝါးရင်း..အကြောင်းမဲ့ ဟိုငေး ဒီငေး ထိုင်နေတုန်း…တွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ…ခံစားရလွန်းလို့ တတ်သလောက်မှတ်သလောက် အရေးအသားလေးနဲ့ မှတ်တမ်းတင်ခဲ့မိပါတယ်…   “အဆာပြေ” ၉၊၂၉၊၅၁၊ ဘတ်စ်ကား တစ်စီးပြီးတစ်စီးသာဝင်လာတယ်..အကိုတစ်ယောက်မပါလာဘူး… ကြည့်ရင်းကြည့်ရင်း မစိန်မ ဝမ်းနည်းလာတယ်..ဘေးကိုကြည့်မိတော့လဲ ခုံတန်းပေါ်ထိုင်ပြီး ဘိန်းမုန့်ကို ဝါးရင်းငိုနေတဲ့ သမီးလေး”ရတနာ”ကိုမကြည့်ရက်စရာ တွေ့ရပြန်တယ်..ဘိန်းမုန့် က မနက်အစောကြီးကတည်းကကျန်တာမို့ တော်တော်ခြောက်နေလေတော့ သမီးခမျာ မနဲဝါး နေပုံရပါတယ်..ဗိုက်ဆာလွန်းလို့သာ သမီးလေးက အားခ