Yin Nyine NwayAugust 26, 20101min803
ကျွန်မတို့ဟာ အခြားလူတစ်ယောက်ရဲ့ အမှားကို အလွယ်တကူ ရှာနိုင်ပေမဲ့.. မိမိကိုယ်ကို ဘယ်နေရာမှာ မှားနေသလဲ၊ ဘယ်နေရာမှာ လိုနေတာများရှိနေမလဲ  ဆိုတဲ့ အမှန်တရားကိုတော့ ရှာတွေ့ဖို့ ခက်ခဲတတ်ပါတယ်.. ဘာလို့ဆိုရင် ငါဆိုတဲ့ အတ္တအစွဲလေး ရှိနေတတ်ကြလို့ပါဘဲ.. ငါကောင်းကောင်း လုပ်နေရက်သားနဲ့၊ ငါမဟုတ်တာ မလုပ်ဘူး၊ ငါလုပ်တာ မှန်နေသားဘဲ ဆိုတဲ့ ဆင်ခြေတွေက မိမိရဲ့ အမှားတွေ၊ လိုအပ်ချက်တွေကို ဖုံးလွှမ်းထားတာမို့ ကိုယ်တိုင်က အလွယ်တကူ မြင်ဖို့ ခက်ပါတယ်။ ဥပမာ လူတွေအားလုံးနီးပါးက တစ်စုံတစ်ယောက်ကို သူ့ရဲ့ လုပ်ရပ်ဟာ မှားနေတယ်၊ မသင့်တော်ဘူး၊  အပြစ်ရှိတယ်လို့ ဝိုင်းပြီးပြောနေ၊ ဝေဖန်နေကြပေမဲ့ သူကိုယ်တိုင်ကတော့ အပြစ်လုံးဝမရှိပါ၊ သူလုပ်တာ မမှားပါ ဆိုတဲ့ မိမိကိုယ်ကို ကာကွယ်တဲ့  စကားလုံးတွေ တွင်တွင်သုံးပြီး အမှားကို လုံးဝ […]