CharTooLanSeptember 11, 20101min27212
မြန်မာနိုင်ငံမှာ နေလိုလလိုထင်ရှားတဲ့ဆရာတော်တစ်ပါးဖြစ်တဲ့မဟာစည်ဆရာတော်ဘုရားကြီး လက်ထက် ၁၉၅၂ ခုနှစ်မှာ ရိပ်သာမှာ တရားလာအားထုတ်တဲ့ရသေ့မလေးတစ်ပါးဟာ ရိပ်သာရောက်ပြီး ၁ဝ ရက်အကြာမှာ သူများနားမလည်တဲ့စကားတွေပြောနေသံ ကြားရတာကြောင့် သူ့ကို ဆရာတော်ကြီးဆီကိုခေါ်သွားကြပါတယ်။ ဆရာတော်ကြီးနဲ့တွေ့တော့ သူဟာ နတ်ပြည်က နတ်မင်းတစ်ပါးဖြစ်ကြောင်းနဲ့ ဆရာတော်ကြီးနဲ့တရား စကားဆွေးနွေးလိုကြောင်းတို့ကို ပါဠိဘာသာနဲ့လျှောက်ကြားပါတယ်။ ဆရာတော်ကလည်း နောက်တစ်နေ့ညမှာ ဆွေးနွေးကြမယ်လို့ ချိန်းဆိုလိုက်ပါတယ်။ နောက်တစ်နေ့ရောက်လို့ အချိန်ကျတော့ ရသေ့မလေးပါးစပ်က ပါဠိစကားသံတွေထွက်လာပြီး ဆရာတော်နဲ့ နိမ္မာနရတိနတ်ပြည်က နတ်သားတစ်ပါးတို့(ရသေ့မလေးကိုကြားခံပြီး) အမေးအဖြေလုပ်ကြပါတယ်။ ဒီစကား ဝိုင်း ကိုဆရာတော်ရဲ့တကာတွေက အသံဖမ်းယူထားပြီး မြန်မာဘာသာပြန်လို့ မြန်မာ့အသံကနေတစ်နိုင်ငံလုံး ကို ထုတ်လွှင့်ဖို့ပြင်နေတုန်း သတင်းစာဆရာတစ်ယောက်က“နတ်နဲ့လူနဲ့ စကားပြောတာဟာ ယုံတမ်းစကားပဲ။ မဖြစ်နိုင်ဘူးလို့”ဝေဖန်လိုက်ပါတယ်တဲ့။ ဒါနဲ့ပဲ ဆရာတော်ကြီးက အဲဒီအချိန်က ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုကိုခေါ်ပြီး မလွှင့်နဲ့တော့လို့တားလိုက်ပါတယ်။ အကြောင်းကတော့ ဒီအသံကိုလွှင့်ခြင်းဖြင့် အကျိုးရှိသူတွေရှိနိုင်သလိုအကျိုးမရှိသူတွေလည်း ရှိနိုင်တယ်လို့ […]