etoneSeptember 16, 20101min863
မဟာဗန္ဓုလတံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး၌ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁ဝနာရီဝန်းကျင်အချိန်တွင် သစ်လုံးတင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား မဟာဗန္ဓုလတံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး၌ သစ်လုံးတင်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၃ရက်နေ့ ည၁ဝနာရီဝန်းကျင်အချိန်က သစ်လုံးရေ ၈ လုံးဝန်ကျင် သယ်ဆောင်လာသည့် ၁ဝ ဘီးကားတစ်စီးသည် မဟာဗန္ဓုလတံတားအဆင်းတွင် အရှိန်လွန်ကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပြီး တိမ်းမှောက်ခဲ့မှုကြောင့် လူသေဆုံးမှုမရှိခဲ့ကြောင်း သိရှိရသည်။ ထိုသို့ဖြစ်ပွားမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မဟာဗန္ဓုလတံတားအနီးရှိ ထမင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက “တံတားပေါ်ကနေ သစ်လုံးတင်ကားကြီးတစ်စီးအရှိန်နဲ့ ပြေးဆင်းလာတာကိုတွေ့ရတယ်။ အဲဒီကားကြီးကို ကြည့်ရတာ အရှိန် မထိန်းနိုင်ဖြစ်ပြီး ဒယိမ်းဒယိုင် မောင်လာရင်းက တံတားအဆင်း မြေညီလမ်းပေါ်လည်းရောက်ရော ဖြည်းဖြည်းခြင်းယိုင်ပြီး လဲကျသွားတယ်။ ကားပေါ်က သစ်လုံးတစ်ဝက်ကျော်က လမ်းမပေါ်ကို ပြုတ်ကျကုန်တယ်။ ညပိုင်းဆိုတော့ တစ်ဖက်ယာဉ်ကြောက ကားမလာတာကံကောင်းသွားတယ်။ […]