lu ta loneMay 5, 20101min42436
၁။ ပိုက်ဆံအချေးခံရသက်သာခြင်း ၂။ အိမ်၏ ထေ့ငေါ့ပြောဆို ဆုံးမခြင်းမှလွတ်ကင်းခြင်း။ ၃။ ဆေးလိပ်၊ဘီယာ ကဲ့သို ့သော အနံ့ဆိုးများမှ သက်သာခြင်း။ ၄။ ဈေးဝယ်ထွက်ရာတွင် စိတ်ချမ်းသာစွာ သွားနိုုင်ခြင်း( မပြီးသေးဘူးလား၊ကြာလိုက်တာ… စသဖြင့် ညူစူမှုများမှ ကင်းဝေးသဖြင့်..) ၅။ ညီမ ၊မောင်များအား လာဘ်ထိုးရသက်သာသဖြင့် မုန့်ဖိုးလောက်ငှခြင်း။ ၆။ ချိန်းထားသောအချိန်နောက်ကျသဖြင့် အပြောအဆိုခံရခြင်းမှ ကင်းဝေးခြင်း။ ၇။ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင် ၊ အင်တာနက်ဆိုင်၊ ဘ ီယာဆိုင်တကာလိုက်ရှာရခြင်းဒုက္ခ မှ ကင်းဝေးခြင်း။ ၈၊ အွန်လိုင်းခ ၊ ဖုန်းခများသက်သာသဖြင့် အလိုရှိရာအသုံးအဆောင်ပိုဝယ်ယူနိုင်ခြင်း။ ၉ ။ယောက်ျားလေးသူငယ်ချင်းများဖြင့် လွတ်လပ်စွာ (စိတ်သန့်သန့်ဖြင့်)ပေါင်းသင်းသွားလာနိုင်ခြင်း။ ၁၀။ကိုရီးယားမင်းသားနှင့်တူသောကောင်ချောလေးများကိုတရားဝင်ပေါ်တင်ငေးမောကြည့်ရှုနိုင်ခြင်း။ ( အဟိ…..) ၁၁။ ဟိုလိုမဝတ်နဲ့ဒီလိုမဝတ်နဲ့၊ ဟိုလိုဝတ် ဒီလိုဝတ် စသဖြင့်ဆရာအလုပ်ခံရခြင်းမှကင်းဝေးခြင်း။ […]