ကျွန်ုပ်သည် မင်းအဖြစ် ဘိသိက် ခံယူပြီး ဖြစ်သော်လည်း မိဖုရားကား မရှိသေးပေ။ ယင်းကြောင့် ကျွန်ုပ်၏ မှူးကြီးမတ်ရာ သေနာပတိများနှင့် တိုင်ပင်၍ ကျွန်ုပ်အတွက် ကြင်ဖော် ကြင်ဖက် မိဖုရားမြတ်ကို ရှာဖွေရလေသည်။ ထို့သို့ ရှာဖွေရာတွင် သူတို့လည်း သူတို့နည်း သူတို့ဟန်နှင့် ရှာဖွေကြရန်၊ ကျွန်ုပ်လည်း ကျွန်ုပ်နည်း ကျွန်ုပ်ဟန်ဖြင့် ရှာဖွေရန် ရည်ရွယ်ထားလေ၏။ သို့ရာတွင်မူ မိဖုရား ဖြစ်မည့်သူ၏ အရည်အချင်းများ ကိုမူကား ဤသို့ဤနှယ် သတ်မှတ်ထားလေသည်။ ရုပ်ရည် မချောလွန်း၊ မဆိုးလွန်းခြင်း (ရုပ်ချောပါက သူများနောက် ထပ်ပြီး ပါသွားနိုင်၍၊ ရုပ်ဆိုးလွန်းပါက တစ်ရေးနိုးသည့်အခါ သရဲဟု ထင်မှတ်၍ လန့်ဖြတ် အသတ်ထွက်သွားနိုင်၍ …) အသက် (ဆံမဖြူ၊ သွားမကျိုး၊ ပါးမတွန့်၊ ခါးမကိုင်းသေးပါက […]