မိဘနဲ့ သားသမီး ။ ဒီစကားလုံး နှစ်လုံးက လောကအဘိဓာန်ထဲမှာ အလွန်အရေးပါတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီစကားလုံး နှစ်လုံးကြားမှာ ရှိတဲ့ ဆက်ဆံရေးက ကမာ္ဘ့ကြီးတစ်ခုကို အရောင်ပြောင်းသွားဖို့ တွန်းအားတစ်ခု သို့မဟုတ် ဆွဲအားတစ်ခုလည်း ဖြစ်သွားနိူင်ပါတယ်။ အခုခေတ် ကျွန်တော်တို့ ဆီက မိဘနဲ့ သားသမီး ဆက်ဆံရေးက အလွန်ကို ကွာဟမူတွေ များနေပါတယ်။ တစ်ဦးနဲ့ တစ်ဦး နားလည်မူကလည်း ဘာမှ မဆိုင်သလို နေကြတဲ့ မိသားစုတွေကလည်း အများကြီး ဖြစ်နေပါတယ်။ သားသမီးက မိဘကို နားမလည်တာမျိုး၊ မိဘက သားသမီးကို နားမလည်တာမျိုး စတဲ့ သတင်းတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲလိုလို ကြားနေပါတယ်။ ဒါအပြင့် မိဘနဲ့ သားသမီးတွေကြား နားလည်မူတွေ မရှိကြလို့ ဆူညံပေါက်ကွဲမူတွေ၊ […]