သင့်ရဲ့မေတ္တာ ..ဘယ်လိုဟာလဲ။။။ ရှင်တော်ဘုရားဟာ မိဘနှင့်ပါတ်သက်၍ သားသမီးများအပေါ် မေတ္တာတရားကြီးမားပုံ မိဘကျေးဇူးမြင်မိုရ် ဦးသို့ ဆပ်၍မကုန်နိုင်အောင်ရှိပုံတို့ကိုဟောကြားထားသည့် တရားမျာအား ကြားနာမှတ်သား မိကြမယ်လို့ထင်ပါတယ်…. ရဟန်းပညာရှိလူပညာရှိများကလည်း ကျေးဇူးဂုဏ်ကြီးမြင့်လှမိနှင်ဖ ဗြဟ္မာ လူစင်စစ်က ဗြဟ္မာဘွဲ့ ခံထိုက်သူများဟုဆိုရလောက်အောင် ဂုဏ်ကျေးဇူးကြီးမားပုံ မိဘ မေတ္တာသည် ယူဇနာရှစ်သောင်းလေးထောင်ရှိသော မြင်မိုရ်တောင်နှင့်နှိုင်းစာလျှင် မြင်မ်ုရ်တောင်သည် နွားဦးချိုခန့်သာရှိပုံ မိဘမေတ္တာသည် ယူဇနာရှစ်သောင်းလေးထောင်နက်ဝှမ်းဆောင်သည့် သမုဒ္ဒရာနှင်နှိုင်းစာပါက သမုဒ္ဒရာသည် ရေပေါက်ပမာသာရှိပုံ မိဘမေတ္တာသည် ယူဇနာနှစ်သိန်းလေးသောင်းအထုရှိသောကမ္ဘာမြေကြီးနှင့်နှိုင်းစာပါကကမ္ဘာမြေကြီးသည် ဝါးရွက်ငယ်မျှသာရှိပုံ တိုကို ထင်းရှားသက်သေ  စာပန်းခွေတို့ဖြင့် ထင်ရှားအောင်တင်စားခဲ့ကြပါသည်။။ မိဘတို့၏မေတ္တာသည် တသွင်သွင်စီးဆင်းသော စိမ့်စမ်းရေကဲ့သို့ သားသမီးတိုအပေါ်၌ ထားရှိလေသည်ဟုသိမြင်ထားကြသည်။။။။ စာဖတ်သူများခင်ဗျားသင်တို့ရော  မိဘ နေရာမှာရယူထားကြတဲသူများအတွက် သတိထားသင့်တဲ့ မိဘမေတ္တာ တရားအကြောင်းလေး ပြောချင်ပါတယ်…. ရှင်တော်ဘုရား အပါအဝင် ရဟန်းပညာရှိ လူပညာရှိများက အထက်ပါသာဓက များစွာနဲ့ […]