၅။၂။၁၂ တနင်္ဂနွေနေ့ညနေ ၄နာရီခွဲလောက်က လှိုင်မြို့နယ် ရွှာမကျောင်းလမ်းမှာ ရှိတဲ့ ဟိန္ဒူဘုရားကျောင်းမှာမီးနင်းပွဲ ပုံမှန်အတိုင်း ကျင်းပခဲ့ပါတယ်…တစ်ခါမှတကူးတက သွားမကြည့် ဖြစ်ခဲ့ပေမဲ့..မနေ့ကတော့…စိတ်ကူးပေါက်ပီး..တကူးတကသွားဖြစ်ခဲ့ပါတယ်…ကျွန်တော့ရဲ့ ကင်မရာအစုတ်လေးနဲ့ပေါ့…လူတွေကလဲကြိတ်ကြိတ်တိုးပေါ့ဗျာ…အပေါက်ဝမှာဘိနပ်ချွတ်အပ် ခဲ့ပီး မရမကအတင်းတိုးဝင်ခဲ့တယ်…ဒါတောင်ရှေ့ဆုံးထိမရောက်ဘူးဗျ..ကိုယ့်ရှေ့မှာလူနှစ်တန်း လောက်ခံနေသေးတယ်…ဒါနဲ့ဘဲကျေနပ်လိုက်ရပီး…မမြင်ရတဲ့ကြာက..ကင်မရာကိုင်တဲ့ လက်နှစ်ဘက် အသားကုန်မြောက်ပီး ရသလောက်မှတ်တမ်းတင်ခဲ့ ရတယ်…ရှူ့စားအားပေး တော်မူကြပါအုံး…အတင်ထားတဲ့ခေါင်းစဉ်နဲ့ပါတ်သက်ပီးပြောစရာကျန်ပါသေးတယ်…ဓါတ်ပုံ တိုးရိုက်ပီး အိမ်အပြန်လမ်းရောက်မှ…ခါးကြားညှပ်ထားတဲ့ဖုန်းမရှိတော့တာသတိပြုမိတယ်… ဒါနဲ့ ချက်ချင်းပြန်သွားပီးလိုက်ရှာတော့..ဘယ်လွယ်မလဲဗျာ..လူတွေကကြပ်ပိတ်ပီး..ကြည့်နေ ကြတုံးဆိုတော့ နောက်ဆုံးလက်လျှော့ပီးပြ်နခဲ့ရတယ်..ဒါနဲ့အနီးဆုံး ဆင်ရေတွင်းကားဂိတ် က ဖုန်းရုံကိုပြေးပီး ခေါ်ကြည့်တော့ ပထမတစ်ခါကိုငတော့်တယ်..စကားတခွန်း နှစ်ခွန်းဘဲပြော ရသေးတယ်ဖုန်းကပြတ်သွာရော..နောက်ပိုင်းခေါ်သမျှတော့..လူကြီးမင်းနဲ့ဘဲတိုးနေတော့တယ်.. ဒီမနက်ပိုင်းခေါ်တော့ စက်ပိတ်ထားပါတယ်ကြီးဘဲ ဖြေနေတော့တယ်..ဘက်ထရီဘဲကုန်လား တမင်ဘဲပိတ်ထားလားမပြောတတ်ပါဘူး…ပြောရရင်တော့ ဆုံးပီနဲ့တူပါတယ်..ဒါကြောင့်ဒီပို့စ်ကို တင်ခဲ့သမျှထဲမှာ ဈေးအကြီးဆုံးပို့လို့ ပြောတာပါ….ဖုန်းကငါးသိန်းဖုန်းပါ။ ရွာသူသားတွေထဲက တွေ့အကြုံရှိသူတွေ ဘာဆက်လုပ်ရမလဲအကြံပေးကြပါအုံး.. ခင်မင်လေးစားလျှက်.. ကြီးမိုက်။ (ဆောရီးဘဲဗျာ..ပုံတွေတစ်ပုံမှ တင်မရဘူးဖြစ်နေတယ်..ကွန်နက်ရှင်မကောင်းလို့..နောက်မှ ထပ်ကြိုးစားပါမယ်)