nyimalayFebruary 10, 20111min872
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက် အပိုင်း ၄ ရှိ သီတာရေစင်လမ်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါမီးလောင်မှုမှာ မီးဖိုအသုံးပြုရာမှတစ်ဆင့် စတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး မီးလောင်မှု အိမ်ခြေ ၁ဝ လုံးကျော် မီးလောင်ခဲ့ရကြောင်း သိရှိရသည်။ “နေ့လည် ၂ နာရီလောက်မှာ ညှော်နံ့တွေထွက်လာလို့ အိမ်အပြင် ထွက်ကြည့်လိုက်တော့ မီးခိုးထွက် နေတာတွေ့လိုက်ရတယ်။ နောက် ၁ဝ မိနစ်လောက်ကြာတော့ မီးညွန့်တွေ ထွက်လာတာတွေ့ရတယ်။ စဖြစ်တဲ့ အိမ်ကနေ တောက်လျှောက် လောင်လာတာ အိမ်ခြေ ၁ဝ လုံးကျော် လောက်ပါသွားပြီး သက်ဆိုင်ရာက မီးငြှိမ်းနိုင်ခဲ့တယ်”ဟု မီးလောင်မှုအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦး က ပြောပြခဲ့သည်။ “ကျွန်မတို့က […]