စင်ကာပူ အင်္ဂလိပ်စာပြဋ္ဌာန်းစာအုပ် (အသက် ၅နှစ်မှ ရနှစ်ထိ)နဲ့ မြန်မာပြည် ပထမတန်းအင်္ဂလိပ် စာ ပြဋ္ဌာန်းစာအုပ် နှိုင်းယှဉ်ချက်ကတော့ ပုံပါအတိုင်းဖြစ်ပါတယ်။ စင်ကာပူပြဋ္ဌာန်းစာအုပ်က စာမျက်နှာပေါင်း ၁၇၂ မျက်နှာ။ ပထမတန်းအင်္ဂလိပ်စာ ပြဋ္ဌာန်းစာအုပ်က စာမျက်နှာပေါင်း ၅၈ မျက်နှာ။ စာအုပ်အရွယ်အစားကတော့ ဓာတ်ပုံပါအတိုင်း ခေါက်ချိုးကွာပါတယ်။ စာအုပ် အရည်အသွေးက ငွေကြေးတန်ဖိုးအရ ၁ဝဆကျော်လောက်ကွာနိုင်တယ်။ ကျမ ရေးချင်တာကတော့ စာအုပ်အရည်အသွေးမဟုတ်ဘဲ စာအုပ်ထဲက စာတွေရဲ့ အရည်အသွေးအကြောင်း ဖြစ်ပါတယ်။ စင်ကာပူမှာ nursery, K1, K2   ပြီးတော့မှ ဒီစာအုပ်ကို သင်တာပါ။ ပြထားတဲ့အသက်အရွယ် အရ ဒါမြန်မာကျောင်းသား ပထမတန်းအဆင့်လို့ ကျမ ယူဆပြီး စာအုပ်ချင်းနှိုင်းယှဉ်ကြည့်တာ ပါ။ ပထမတန်းအရွယ် စင်ကာပူပြဋ္ဌာန်းစာအုပ် တော်တော်မြင့်ပါတယ်။ မြန်မာပြည်က ခုနစ်တန်း […]