moonpoemMay 5, 20141min54230
Remote control တွေနှိပ်ရင် အင်္ဂလိပ်လို ပေါ်တာဆိုတော့ ကျွန်မခွေကြည့်ရင် အကျင့်ပါပြီးplay လိုက်ဦးတို့ ။ကြာတယ်ကွာforwardလုပ်ပစ် လိုက်တို့။မကြည့်ချင်ပြန်တော့stop ပစ်တော့ကွာဆိုပြီးတော့ပဲ ပြောမိတတ်ပါတယ်။ အဲအခုအကျင့်ပြင်ရတော့မယ်။ မြန်မာစာတန်းထိုးစက်တွေပေါ်လာတော့ ကျွန်မ မြန်မာလို ကျင့်ရတော့မယ်လေ။အဲဒီလို ကြွေးကြော်နေတုန်း ်တကယ်တမ်း မြန်မာလိုတိတိကျကျကြားမိပြန် တော့ နားထဲ တစ်မျိုးလားရယ်။ ဘာဖြစ်လို့ဆို ဖြစ်ပုံက တစ်နေ့ကTourသွားရင်း ရွာတစ်ရွာဘက်သွားအလည် အိမ်တစ်အိမ်မှာ အုပ်လိုက်ထိုင်နေတဲ့ ကလေးတွေက tv ဖွင့်ရင်းပြောနေကြတာ ဒီလိုရယ်။ ဆူညံသံများလိုက်တာကွာ။လျှော့လိုက် လျှော့လိုက်။ ဟာ မှားသွားပြီ။အသံက ဘယ်သံဖြစ်နေတယ် ညာသံပြောင်း။(ကျွန်မလက်က တော့ ညာသန်ပါ်) ပြီးရင် အဲဒီသီချင်းကိုပဲ ဖွင့်ထားမယ်။တစ်ပုဒ်တည်းကို ထပ်ခါထပ်ခါပြသခြင်းခလုတ်နှိပ် ်ထားရင် ရပြီ။(တစ်ပုဒ်တည်းကို ထပ်ခါ ထပ်ခါ ပြသခြင်းဆိုတော့ Repeat Oneကိုပြောတာ ဖြစ်မှာပဲလို့ ကျွန်မ စိတ်ထဲကနေတော့ […]