fattyAugust 17, 20111min57932
ကျနော် ဒီအကြောင်း ရေးသင့်မရေးသင့် စဉ်းစားနေတာ အတော်ကြပြီ …။ လူတစ်ယောက်အကြောင်းပါ ..။ တလောက Sunday talk ကြည့်လိုက်မိတော့ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တွေးနေတဲ့အကြောင်းအရာမျိုး ဖြစ်နေတော့ … ဘာဘဲဖြစ်ဖြစ် စိတ်မကောင်းလှပေတဲ့ တနည်းတနည်းနဲ့ပညာပေးရာတော့ ရောက်မှာပါဘဲလေ ဆိုပြိးရေးချလိုက်ရတော့တယ် ….။ မိန်းမပျိုလေးများ အိမ်ထောင်ပြုဖို့စဉ်းစားကြတဲ့အခါ ရုပ်ချောသူ ငွေကြေးချမ်းသာသူ … အစရှိသဖြင့် သူ့အရွယ်လိုက်ပြီး … သူ့အတွေကအကြုံလေးအလိုက် စဉ်းစားကြတဲ့အကြောင်း … အဲဒီထဲမှာမှ တာဝန်သိသော ယောကျာင်္းမျိုး ဆိုတာကိုထည့်သွင်းစဉ်းစားတာမျိုး အနည်းငယ်သာရှိကြောင်း ဆွေးနွေးသွားတာပါ။ ကောင်းပါတယ် … ဆွေးနွေးခန်းလေးက ..။ ကျနော်သိတဲ့မိသားစုလေးတစ်စုအကြောင်းကို ဖွဲ့နွဲ့မနေတော့ဘဲ ရိုးရိုးလေးဘဲတင်ပြလိုက်ပါတော့မယ် ..။ ဖြစ်ရပ်မှန်လဲဖြစ်တယ် ဖြစ်တတ်တဲ့သဘောလဲရှိတာမို့ … အထူးအဆန်းရယ်လို့တော့မဟုတ်လှပါဘူး။ အများးအမြင်မှာတော့ သူဌေးလေးတစ်ယောက်လို့ အထင်ခံနေရတဲ့ လူတစ်ယောက်ရျိတယ် […]