Foolish GirlSeptember 7, 20171min1142
သင့်အေးရိပ်ရဲ့ “စည်းကမ်းတဲ့လား…လိုက်နာချင်စိတ်က အဓိက…” ဆိုတဲ့ POST ကို ဖတ်မိပြီး ရေးမယ်ရေးမယ်နဲ့မရေးဖြစ်တဲ့ အတွေးလေးရေးဦးမယ်ဗျာ တစ်ရက်သား အမှိုက်ပစ်မယ်ပေါ့ အမှိုက်ကိုသေချာထုတ်ပြီးအမှိုက်ပုံနားသွားတယ် အမှိုက်ပုံနားလည်းရောက်ရော “ဤနေရာတွင်အမှုက်မပစ်ရတဲ့ အမှိုက်ကို ညနေ၄နာရီတစ်ချိန်ညနေ၆နာရီတစ်ချိန် တစ်နေ့နှစ်ချိန်လာသိမ်းပေးမည်ဖြစ်ပါသဖြင့်ထိုအချိန်တွင်လာသောလှည်းတွင်သာပစ်ပေးပါ” တဲ့။အဲဒီမှာ ပြသနာစတက်တာပေါ့။ ကိုယ်တွေအလုပ်က မနက်၉ ည၆ အိမ်ပြန်ရောက်ရင် အစောဆုံး ၆ခွဲ ဒါတောင် အိမ်နဲ့ရုံးကနီးလို့။ ငါအမှိုက်ဘယ်လိုပစ်ရပါ့လို့ စိတ်ညစ်သွားတယ်။ ဒါနဲ့သယ်လာလက်စအမှိုက်ထုတ်ကိုလည်းဘယ်ပစ်လို့ပစ်ရမှန်းမသိ။အမှိုက်တွေကလည်း မီးဖိုချောင်အမှိုက်တွေဆိုတော့ နံနေပြီ။ ဒီလိုနဲ့ တစ်လမ်းဝင်တစ်လမ်းထွက် အမှိုက်ပုံးလိုက်ရှာတာ အနီးအနားက သိသလောက် အမှိုက်ပုံထားတဲ့နေရာတွေမှာလည်း ခုနလိုစာတမ်းကကပ်ထားတယ်။ ဒီလိုနဲ့ ပါရမီ စိန်ဂေဟာနားအထိရောက်သွားတယ်။ ဒါနဲ့စိန်ဂေဟာရဲ့ အမှိုက်ပုံးမှာ မသိမသာထည့်ထားခဲ့လိုက်ရတယ်။ အိမ်အနီးအနားကလူတွေမေးကြည့်တော့ အုတ်ကျင်းဘူတာရုံနားမှာ အမှိုက်ပုံတစ်ခုရှိတယ်ဆိုတာနဲ့ နောက်အခေါက်တွေကျတော့အဲဒီမှာသွားသွားပစ်ရတယ်။ ဒါနဲ့ တစ်ရက်သူငယ်ချင်းတွေနဲ့စကားစပ်မိတဲ့အခါ အရင်ပစ်နေကျအမှိုက်ပုံကဆိုင်တစ်ဆိုင်နဲ့တော်တော်ကပ်နေပါတယ်။ အဲဒီဆိုင်ကလူတွေက စည်ပင်ကို ပြသနာရှာတော့ […]


Foolish GirlJune 3, 20161min1836
ခေတ်စနစ်တွေပြောင်းလဲလာတာနဲ့အမျှ လူတွေရှင်သန်နေထိုင်သွားလာပြုမူလုပ်ဆောင်ချက်တွေက ခေတ်ရေစီးအလိုက်တိုးတက်လာတာ အားလုံးရဲ့မျက်မြင်ကိုယ်တွေ့ပါပဲ….. အရာလုံးက digital ဖြစ်လာပြီ ATM တွေပေါ်လာပြီး ငွေထုတ် ငွေလွှဲ ငွေပေးခြေစနစ် စတဲ့ငွေကြေးနဲ့ကိစ္စရပ်တော်တော်များများကို လက်ထဲငွေကိုင်စရာမလို ကဒ်လေးတစ်ကဒ်သယ်ရုံနဲ့လုပ်နိုင်လာပြီ အရင်ကဆိုအလုပ်လျှောက်ချင်တယ်ဆို နီးစပ်ရာတွေပြောပြလို့ အလုပ်ခေါ်တယ်ဆိုတာသိရတယ်၊ ကိုယ်တိုင်ခြေတိုအောင်လျှောက်ပြီးလိုက်ရှာရတယ်.. တဖြည်းဖြည်းနဲ့ အလုပ်ကို ခြေတိုအောင်လိုက်ရှာစရာမလိုအောင် အခွင့်အလန်း ဂျာနယ်လိုမျိုး အလုပ်ခေါ်စာတွေကိုတစ်နေရာတည်းမှာ တွေ့နိုင်ပြီး ကိုယ်သဘောကျတဲ့အလုပ် ကိုရွေးပြီး သွားလျှောက်လို့ရလာတယ် အခုဆိုရင် အွန်လိုင်းကနေတဆင့် အကျိုးဆောင်ခပေးစရာမဆိုတဲ့ အလုပ်အကိုင်ကြော်ငြာလေးတွေကို လွယ်လင့်တကူရှာပြီး ကိုယ်တိုင် CV form တင်စရာမလိုဘဲ အွန်လိုင်းကနေ အလွယ်တကူ CV Form တင်လာနိုင်ပါပြီ….. အစ အစရှိသဖြင့်ပေါ့ (အစပျိုးတာများနေပြီမို့) ဒါပေမယ့်တစ်ချက်တော့ထောက်ချင်တယ်ဗျာ လူတွေအတွက် အဲဒီစနစ်ကလွယ်ကူတာမှန်ပါတယ် ဒါပေမယ့် မှန်ကန်လား ၊ ယုံကြည်ရလားဆိုတာမျိုးတွေအတွက် အာမခံချက်မရှိတာတော့အမှန်ပဲ အွန်လိုင်းကနေအလုပ်လျှောက်တာ အဆင်ပြေသွားတယ် လို့ပြောတဲ့သူတွေလည်း အများကြီးရှိပါတယ် လက်ခံပါတယ် ဒါဆို ဘာလို့ မှန်ကန်လား […]


Foolish GirlMay 30, 20161min1747
အပိုင်း၃ မှာတော့ ကျွန်မ လမ်းမှူး နဲ့စတွေ့ပါပြီ   လမ်းမှူး ကို အကျိုးအကြောင်းပြောပြပြီး ထောက်ခံစာ စတောင်းပါတယ်။ အဲဒီအချိန်မှာ လမ်းမှူးက လမ်းမှူး  – “ဘယ်အိမ်မှာငှားနေတာလဲ” ကျွန်မ – “နံပါတ် … ။…. လွှာ ကပါ” လမ်းမှူး – “အိမ်ရှင်ကဘယ်သူလဲ” ကျွန်မ  – “ဒေါ်…….. ပါ” အဲဒီတော့ လမ်းမှူးက လမ်းအတွင်းနေထိုင်ကြောင်းထောက်ခံစာလိုချင်ရင် အိမ်ရှင်လက်မှတ်ယူခဲ့တဲ့ ဒါနဲ့စာချုပ်ပြလိုက်တယ်။ စာချုပ်မူရင်းကိုပြပေမယ့် သူက “သူ့ကိုမသိဘူး ပြီးတော့ နင်အိမ်ငှားတာလည်းငါတို့သိတာမဟုတ်ဘူး ဒီတော့ အိမ်ရှင်ကိုပါခေါ်ခဲ့ပါ”တဲ့ <အမှုကကြီးလာပြီ ဒချိဒချိ မသိရင်ကိုယ်ကပဲ အိမ်ငှားစာချုပ်အတုလုပ်ပြီး ထောက်ခံစာလာတောင်းသလိုလို အတုသာလုပ်ချင်လို့ကေ တာ့ ဧည့်စာရင်း တို့ ရပ်ကွက်ထောက်ခံစာအဲဒါတွေပဲလုပ်တော့မှာပေါ့လို့ ဦးဦး လမ်းမှူးကြီးရယ်….ပြီးတော့ ဒီလမ်းလေးထဲ […]


Foolish GirlMay 27, 20161min2207
ကျွန်မနှင့် ရပ်ကွက်ရုံးအလွဲများ – ၁ ကိုရွာသားတွေဖတ်ပြီးရင်တော့ Foolish Girl ဘယ်လိုတွေ ထပ်လွဲစရာရှိသေးလို့လဲ ၁ လို့တပ်ထားတာလဲ အဆက်တွေရှိဦးမယ်လို့ တွေးမိမယ်ထင်ပါတယ် ဟုတ်ပါတယ် ကျွန်မမှာ လွဲလွဲလေးတွေရှိပါသေးတယ်…. အစပျိုးတာနဲနဲများရှည်သွားပြီလားမသိ 😛 အပိုင်း – ၁ တုန်းက ကျွန်မဧည့်စာရင်းတိုင်တဲ့အဖြစ်အပျက်လေးကို ပဲထပ်ပြီးဆက်ချင်ပါတယ်။ ဧည့်စာရင်းရဲ့သဘောတရားအရ တပတ်ပဲခွင့်ပြုတာဆိုတော့ကာ နောက်အပတ်တွေမှာထပ်တိုင် ဖို့ လိုလာပြန်တာပေါ့ ။ ဒီနေရာမှာဝန်ခံစရာလေးတော့ရှိပါတယ် ကျွန်မပထမတစ်ကြိမ်ဧည့်စာရင်းတိုင်ပြီးနောက်ပိုင်း တော်တော်နှင့်ထပ်ပြီးမတိုင်ဖြစ်ပဲ သင်္ကြန်ပြီးမှ ရပ်ကွက်ရုံးကိုထပ်ရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့အရင်လိုမျိုး လိုအပ်တာတွေသေချာယူသွားတယ် ပြီးတော့ တစ်ထောင်တန်တစ်ရွက်ဆောင်လာပါတယ်။ ရက်ကွက်ရုံးရောက်တဲ့အချိန်မှာ ရုံးစာရေးဆီက ဧည့်စာရင်းတိုင်ဖို့စာရွက်တောင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီဇာတ်လမ်းစတင်ပါတော့တယ်…….. သူတို့နံရံမှာ ကပ်ထားသလို အိမ်ငှားစာချုပ် ပါသွားပါတယ်။ ဒါပေမယ့် သူထပ်တောင်းတာက လမ်းမှူးထောက်ခံစာပါပါသလားတဲ့။ ကျွန်မကလည်း မပါပါဘူး အရင်တုန်းကလည်းတိုင်ဖူးပါတယ် ဆိုတော့ […]


Foolish GirlMay 27, 20161min1703
အိမ်အသစ်ကိုပြောင်းပြီး နောက်နေ့မှာဧည့်စာရင်းတိုင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ည၈နာရီလောက်မှထွက်ခဲ့ပါတယ်။ ရုံးကိုရောက်တဲ့အချိန်ဘယ်သူမှမတွေ့လို့ မေးကြည့်တော့ ရပ်ကွက်ရုံးက စနေတနင်္ဂနွေ ဆိုပိတ်တယ်တဲ့။ (အခုမှကြားဖူးတာ) ဒါလိုနဲ့ပဲ တနလာင်္နေ့ရောက်တော့နောက်တစ်ခေါက်ထပ်ထွက်လာခဲ့ရပြန်တာပေါ့။ ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်ဖို့အတွက် ဘာတွေလိုမလဲတွေးတဲ့အချိန်မှာ နံရံမှာကပ်ထားတဲ့ “အိမ်ငှားများဧည့်စာရင်းတိုင်မည်ဆိုပါက အိမ်ငှားစာချုပ်ယူလာပါ ” လို့ရေးထားတဲ့စာကိုဖတ်ရပါတယ်။ ကျွန်မလည်းပါသွားတယ်ဆိုတော့အဆင်ပြေပြေပဲ ဧည့်စာရင်းတိုင်တဲ့စာရွက်ယူဖို့ရုံးစာရေးဆီအရောက်မှာ နံရံမှာကပ်ထားတဲ့စာရွက်တစ်ရွက်ကိုထပ်ပြီးမြင်မိပါတယ်။ အဲဒီစာရွက်မှာ “မည်သည့်ကိစ္စနှင့်မှအခကြေးငွေပေးရန်မလိုပါ” (စာလုံးအပြည့်အစုံမမှတ်မိတော့ပါ) တဲ့။ ရင်ထဲမှာ တွေးမိတယ် ပြောင်းလဲချိန်တန်တာတွေတကယ်ပြောင်းလဲနေပြီပေါ့ ။ ဒီလိုနဲ့ပဲ ဧည့်စာရင်းစာရွက်မှာ လိုအပ်တဲ့အချက်တွေဖြည့်ပြီး စာရေးကိုသွားပြတဲ့အချိန်မှာ စာရေးကစာရင်းသွင်းပြီး တဲ့အချိန် ကိုယ်လည်း ကိစ္စပြီးပြီဆိုပြီးလှည့်ထွက်မယ်အလုပ် စာရေးပြောလိုက်တဲ့စကားကြောင့် ကျွန်မ အပြုံးယဲ့ယဲ့လေးပြုံးပြပြီး တစ်ထောင်တန်လေးတစ်ရွက်ထုတ်ပေးပြီးအိမ်ပြန်ခဲ့ပါတော့တယ်။ စာရေးပြောတဲ့စကားက “စာရွက်စာတမ်းဖိုးအလှူငွေထည့်သွားဦးလေ…………“