cobraOctober 16, 20101min867
ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများ ရန်ကုန်တွင် ဖြန့်ဝေနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ ရန်ကုန်မြို့တွင်း ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်တို့တွင် ယင်းသို့စာရွက်များ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။ “မနေ့က ကျနော်တို့ ဆိပ်ကမ်းသာလမ်းမှာ ဝေသွားတာပဲ။ ဘယ်သူဝေတယ် ဆိုတာ မသိပေမယ့် ဝေသွားတဲ့စာရွက်မှာ ဒေါ်စုပုံပါတယ်။ ကျနော်တို့လည်း ဒေါ်စုပုံပါတာတွေ့တော့ လိုက်တောင်းတာပေါ့။ ကျနော်တို့ ဒေါ်စုပုံ မတွေ့ရတာ ကြာပြီလေ” ဟု ကျောက်တံတားမြို့နယ် (၉) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။ အဆိုပါစာရွက်တွင် “ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှုတွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်” ဟု […]