thit minAugust 22, 20111min2048
တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့… သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာတစ်ခုခုကို နေ့စဉ် ပြောဆိုဆွေးနွေးငြင်းခုန်ကြပါ သတဲ့ …တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက်ဆိုတဲ့ အကြောင်းအရာကစပြီး ဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲဆိုတဲ့ မေးခွန်း ကို ရောက်သွားကြပါသတဲ့ …လေသန်သန်နဲ့ ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ…ကွန်ပျူတာ ဆိုတာ ဖြူ သလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ..ဘယ်သိမှာလဲ သူတို့က မျက်မမြင်တွေကိုး.. တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့ …အတွက် ..ကိုကြီးကျော် ဆိုသူရဲ့ ရုံးခန်းကိုရောက်လာကြပါသတဲ့ … ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း […]