ဘဝရဲ့ ထူးခြားတဲ့ အမှတ်တရလေးမို့ ရွာထဲမှာ လာကြွားရင်း မှတ်တမ်းတင်ပါသည်။ (မပျက်စေနဲ့နော် သဂျီး… ပျက်ရင် ပြန်လျော်ရမယ်.. ဟွန်း)             ဒါလေးကိုလည်း ဒေါင်းထားတယ်..


ခရီးသွားပို့စ်ရေးနေရင်းနဲ့ အရင်တုန်းက အကြောင်းအရာလေးတစ်ခုကို စဉ်းစားမိတာနဲ့ပဲ ကြားဖြတ်ပို့စ်အနေနဲ့ ရေးဖြစ်လိုက်ပါတယ်။   အချိန်ကတော့ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကပေါ့။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ ခရီးသွားကုမ္ပဏီမှာ အလုပ်ဝင်ပြီး သိပ်မကြာဘူး၊ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတယ်။ ကျောင်းက တီချယ်က ဖုန်းလှမ်းဆက်တယ်…ပြည်ထဲရေးက အလုပ်ခေါ်တယ်တဲ့။ သူငယ်ချင်းတွေကိုလည်း ဆက်သွယ်ပေးပါလို့ ပြောတယ်… လျှောက်ချင်တဲ့သူ လျှောက်ရအောင်တဲ့။ ကျွန်မက ဘာအတွက်ခေါ်တာလဲဆိုတော့ ပြင်သစ်စကားပြောတတ်တဲ့သူ လိုချင်လိုတဲ့။ သူတို့ဆီက မူးယစ်ပရောဂျက်တို့ ဘာတို့အတွက် နိုင်ငံခြားက လူတွေလာရင် ခရီးစဉ်တစ်လျှောက် ဘာသာပြန်အဖြစ်ရော၊ travel assistance အတွက်ပါ ကူညီလို့ရအောင်ပါတဲ့။ လူဆိုးဖမ်းတာတော့ မလုပ်ရဘူး။ ပြည်ထဲရေးလက်အောက်မှာ လုပ်ရမှာဖြစ်တဲ့အတွက် ဒုရဲအုပ်ရာထူးတော့ ပေးမယ်တဲ့။ တီချယ်တွေကလည်း လောလောလတ်လတ် BA ပြီးထားတဲ့ ကျောင်းသားတွေက ပိုအဆင်ပြေမယ်ထင်လို့ […]


ခေါင်းစဉ်ကို ထွေထွေထူးထူး ပေးမနေတော့ပါဘူး။ ကြွားချင်လို့ တင်တဲ့ပို့စ်ဆိုတော့လည်း အကြွားပို့စ်လို့ပဲ ခေါင်းစဉ်တပ်လိုက်တယ်။ ငယ်ငယ်တုန်းက အကြောင်းလေးကို ကြွားမလို့ပါ။ အားနာပါးနာ အကြွားခံကြပါဦးနော..။ စာရေးစာဖတ် ဝါသနာပါတဲ့သူဆိုတော့ ငယ်ငယ်ကတည်းက စာစီစာကုံးတွေ ရေးဖြစ်တာတော့ မထူးဆန်းဘူးပေါ့နော်။ စာစီစာကုံး ပြိုင်ပွဲတွေဆိုလည်း ဝင်ပြိုင်ဖြစ်တယ်။ ဆုရတာလည်းရှိ၊ မရတာလည်း ရှိ ပေါ့။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံရတယ်လို့ သဘောထားပြီး ဘာပြိုင်ပွဲမဆို ဝင်ပြိုင်ဖြစ်နေတော့ ပါလေရာပေါ့။ (ဦးဦးပါလေရာ မဟုတ်။) တစ်ခါသားကျတော့ ကိုးတန်းနှစ်မှာ စာစီစာကုံး ပြိုင်ပွဲတစ်ခုအတွက် စာကြည့်တိုက်ထဲ စာသွားဖတ်ရင်းနဲ့ မင်္ဂလာမောင်မယ် ဆိုတဲ့ စာစောင်လေးကို သွားတွေ့တယ်။ အဲဒီမှာ လစဉ် စာစီစာကုံးပြိုင်ပွဲရှိတယ်။ ခေါင်းစဉ်တွေကို သုံးလလောက် ကြိုပေးထားတယ်။ ရေးပြီးရင် စာတိုက်ကနေ ပို့ရတယ်။ ကျွန်မတို့ သူငယ်ချင်းတွေ စိတ်ဝင်စားသွားကြတယ်။ […]