unclegyi1974September 10, 20101min990
သရဏဂုံ တင်တယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးများသိကြတာက လူသေရင် မသဂြိုလ်ခင် ဘုန်းကြီးပင့်ပြီး သေသူအတွက်လုပ်တယ်လို့ဘဲသိထားကြတာများပါတယ်။ အမှန်က သေသူအတွက် သရဏဂုံ တင်ပေးတာမဟုတ်ပါဘူး၊ အသက်ရှင်ကျန်ရစ်သူမိသားစုကို သရဏဂုံ တင်ပေးတာဖြစ်ပါတယ်။ ရှင်း ရမယ်ဆိုရင် ဘုရား၊ တရား ၊သံဃာ ၊ ရတနာသုံးပါးသာလျှင်ကိုးကွယ်ရာအစစ်အမှန်ဖြစ်၏  ဟုယုံကြည်သိမှတ်လျက်ရိုသေလေးမြတ် ဆည်းကပ်လိုသော ကုသိုလ်စေတနာ (မဟာကုသိုလ်စိတ်၊စေတသိက်၊ နမ်ခန္ဒာအပေါင်း ) ကို သရဏဂုံ လို့ခေါ်ပါတယ်။ သရဏဂုံ ၃ ပါးရှိပါတယ် ၁ ။   ။ဘုရားကိုးကွယ်မှု ၂။   ။ တရားကိုးကွယ်မှု ၃။   ။ သံဃာကိုးကွယ်မှု   တို့ဖြစ်ပါတယ်။ သရဏဂုံ  ဆောက်တည်ခြင်းဆိုသည်မှာ မိမိသန္တာ၌ ရတနာ သုံးပါးကို ယုံကြည်သိမှတ် ဆည်းကပ် ကိုးကွယ်လိုသော စိတ်စေတနာ (မဟာကုသိုလ်စိတ်၊စေတသိက်၊ နမ်ခန္ဒာအပေါင်း […]