မြသဲ ( 17082011 )March 27, 20121min17915
ဒီနေ့ဟာကျွန်မတို့ငယ်ငယ်တုန်းက တော်လှန်ရေးနေ့။ ယနေ့ခေတ်တော့ တပ်မတော်နေ့ပါ။ ဒီနေ့မနက် အိပ် ယာထ တော့ကျွန်မတို့ငယ်ငယ်တုန်း က တော်လှန်ရေးနေ့ ကိုပြန်သတိယမိပါတယ်။ ကျွန်မဟာ စစ်တပ်မြို့ မှာ မွေးဖွားခဲ့ပြီး စစ်တပ်များတဲ့မြို့မှာကြီးပြင်းခဲ့ရတာပါ။ အဲဒီတော့ ဒီစစ်တပ်တွေနဲ့လက်ပွန်းတတီးရှိ ခဲ့သလို စစ် တပ်အပေါ်ထားတဲ့လူထုရဲ့မေတ္တာကိုလဲ ထဲထဲဝင်ဝင်သိခဲ့ရပါတယ်။ ကျွန်မတို့ငယ်တုန်းကဆိုရင် ဒီလိုနေ့မတိုင် ခင်မှာ ကြိုတင်ပြီးပန်းတွေစုရပါတယ်။ သီစရာရှိတာသီ၊ စည်းစရာရှိတာစည်းနဲ့ ကြိုတင်ပျော်ခဲ့ရပါတယ်။ ငယ် ငယ်တုန်းကတော့ တော်လှန်ရေးနေ့ပေါ့။ တမြို့လုံးပန်းတွေပြင်ကြရတာအမောပါ။ တယောက် တယောက် ကို ပန်းကုံးတွေ၊ ပန်းစီးတွေအများကြီးယူဖို့ပြင်ရပါတယ်။ ဒါမှလဲအများကြီးကိုပေးလို့ရအောင်ပါ။ နွေကျောင်း ပိတ် လို့ဇာတိ မြို့ကိုပဲပြန်ပြန်၊ မပြန်ဖြစ်လို့ ကိုယ့်မြို့မှာပဲနေနေ ဒီမြင်ကွင်းကတော့ အတူတူပါပဲ။ ကျွန်မတို့ကတော့ ကလေးတွေ ပေါ့။ အဒေါ်အပျိုတွေကလဲ သူငယ်ချင်းမောင်၊ အစ်ကို စသဖြင့် မိတ်ဆက်ပေးထားတဲ့သူကို […]