မန္တလေးနန်တော်ဟောင်းကြီးကိုမြင်ရတော့ ပြည်သူတစ်ယောက်အနေနဲ ့ မဆိုင်သလို မပိုင်သလို အမြဲခံစားရတယ်။တကယ်ဆိုရင် မြန်မာ့သမိုင်း မြန်မာ့ယဉ်ကျေးမှု မြန်မာလူမျိုးအားလုံးပိုင်နေရာကြီးပါ။ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်ဌာနချုပ် စစ်တပ်နေရာ စစ်တပ်နဲ ့သက်ဆိုင်သူတွေသာ ဝင်ထွက်ခွင့် နေထိုင်ခွင့်ရှိတဲ ့နေရာဖြစ်နေခဲ ့တာပါ။သာမန်ပြည်သူတွေကတော့ လွတ်လပ်စွာဝင်ထွက်ခွင့် လေ့လာခွင့်မရတာ အားလုံးအသိပါပဲ။ပြောရရင်  သီပေါမင်းပါသွားကတည်းက ပြည်သူတွေမန္တလေး နန်တော်ဟောင်းကြီးကို ဆုံးရှုံးခဲ ့ရတာ အခုချိန်ထိ လို ့ပြောလို ့ရပါတယ်။တကယ်တော့မန္တလေးနန်တော်ဟောင်းကြီးကို ပြည်သူတွေပဲ ပိုင်ဆိုင် ထိန်သိမ်းသင့်တာပေါ့။အခုဆိုရင် အဓမ္မအသိမ်းခံမြေယာတွေကိစ္စတောင်းဆိုဆောင်ရွက်ကြရာမှာမန္တလေးနန်တော်ဟောင်းကြီးကအမေ့ခံဖြစ်နေပါတယ်။မန္တလေးနန်တော်ဟောင်းကြီးကို မြန်မာပြည်သူလူထုတွေ လက်ထဲပြန်ရောက်ဖို ့မြန်မာလူထုက ညီညာမှုနဲ ့ ပြန်လည်တောင်းဆိုသင့်တယ်လို ့ ကျွန်တော်ကတော ့ယူဆပါတယ်။