ယဉ်ကျေးမှုသည် ပေါင်းသင်းဆက်ဆံရာ၍ လည်းကောင်း ၊ စကားဟြေဆိုရာ၍ လည်းကောင်း ၊ နေထိုင်စားသောက်ရာ၍ လည်းကောင်း ၊ လှုပ်ရှားသွားလာရာ၍ လည်းကောင်း ၊ အရေးကြီးသော အမူအရာတစ်ရပ်ဖြစ်ပေသည်။ အဓိကအားဖြင့် ယဉ်ကျေးမှုသည် ကိုယ်အမူရာ ယဉ်ကျေးမှု နှုတ်အမူအရာ ယဉ်ကျေးမှု ဟူ၍ ရှိပေသည်။ထိုယဉ်ကျေးမှုသည် စာရိတ္တကောင်းခြင်းနှင့်မတူပေ။                      အချို့သော ပုဂ္ဂိုလ်တို့သည် အကျင့်စာရိတ္တကောင်းသော်လည်း ကိုယ်နှင့်နှုတ်၏ ယဉ်ကျေးမှုမရှိသည်ကို တွေ့ရတက်ပေသည်။ ထို ပုဂ္ဂိုလ်မျိုးတို့သည် အကျိုးရှိသလောက် မရရှိနိုင်ချေ။ ယဉ်ကျေးမှုသည် အတက်ပညာနှင့်လည်း မဆိုင်ပေ။ ထို့အတူ မွေးရာပါ အမူအရာလည်း မဟုတ်ချေ။သင်ကြား ၊ ပြသ ၊ ဆိုဆုံးမမှုဖြင့် ပြုပြင်ရသော အလေ့အကျင့် အမူအရာ ဖြစ်သည်။                       အကျင့်စာရိတ္တလည်း-ကောင်း ၊ အတက်ပညာလည်း-တက် […]