Yin Nyine NwaySeptember 13, 20101min903
တနေ့က ကျွန်တော့် ကလေးများကို စာသင်ပေးနေတဲ့ ဆရာမလေး ယူလီယာ ဗာဆီယက်ဗနာ့ကို ကျွန်တော့် စာကြည့်ခန်းအတွင်းသို့ အခေါ်ခိုင်းလိုက်တယ်။ ပေးစရာ ငွေကြေး ကိစ္စများကို ရှင်းလင်းပေးရန်ဖြစ်သည်။ “ထိုင်ပါ၊ ဆရာမ” .. ဟုပြောရင်း “ပေးစရာရှိတာလေးတွေကို ပေးမလို့ အခေါ်ခိုင်းလိုက်တာပါ။ ဆရာမလည်း ငွေလိုရော့မယ်။ ဒါပေမယ့် ဆရာမကလည်း မတောင်းဘူး၊ ကောင်းပြီလေ။ အခုပေးတာပေါ့၊ ကလေးတွေကို စာသင်ပေးဖို့ ဆရာမကို တစ်လ ရူဘယ် ၃ဝ နဲ့ သဘောတူခဲ့တယ်နော်” “တစ်လ ၄ဝ ပါ” “မဟုတ်ဘူး သုံးဆယ်။ ဒီမှာ စာနဲ့ သေသေချာချာရေးထားတယ်။ အိမ်မှာ ကလေးတွေကို စာလာပြပေးတဲ့ ဆရာမ မှန်သမျှ တစ်လ ရူဘယ် ၃ဝ အမြဲပေးခဲ့တယ်။ ဆရာမ ဒီမှာ […]