Zaw WonnaJuly 23, 20101min1332
ကျနော် ဆယ်တန်းလောက် တုန်းက စာအုပ် တစ်အုပ်မှာ ဖတ်ဖူးတာပါ။ “ကိုယ့်ကို တကယ် ချစ်ခင်တဲ့သူ ဘောလုံးတစ်သင်းစာ ရှိရဲ့လားတဲ့”။ ဘယ်စာအုပ်လဲ ဆိုတာတော့ မမှတ်မိတော့ဘူး၊ တက်ကျမ်းထဲကလို့ ထင်တာပဲ။ အဲဒီ မေးခွန်းလေးကို အဲဒီတုန်းက သူငယ်ချင်းတွေကို မေးကြည့်ခဲ့ဖူးတာ သတိရမိတယ်။ ဘာရယ်လို့မဟုတ်ပေမဲ့ သူတို့လည်း ကျနော်မေးမှ စဉ်းစားမိကြပုံပေါ်ပါတယ်။ သေချာတာကတော့ ဘယ်သူ့မှာမှ တကယ်ချစ်ခင်တဲ့သူ ဆယ့်တစ်ယောက် မပြည့်တာပါ။ ကျနော်ဆိုလိုတာက ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုရင် ကိုယ်က သူ့ထက်သာသွားရင် မနာလိုမဖြစ်ပဲ ဝမ်းသာတတ်တဲ့သူမျိုး၊ ကိုယ်တကယ် ဒုက္ခရောက်နေတာတွေ့ရင် ကိုယ့်ကို ကိုယ်ချင်းစာနားလည်ပြီး ကူညီတတ်တဲ့ သူမျိုးပါ။ ဆရာကြီး ရွှေဥဒေါင်းစကားနဲ့ ပြောရရင်တော့ “ရင်ဘတ်မိတ်ဆွေ” (Bosom friend) ပေါ့လေ။ တကယ်ဆို အဲဒီအရွယ်တုန်းက သူငယ်ချင်းတွေဟာ တစ်ယောက်ကိုတစ်ယောက် […]