etoneSeptember 8, 20101min550
မပြောချင်တော့ဘူး သားသမီး ၈ ယောက်ရှိပြီး လက်ရှိကိုယ်ဝန် အမွှာပူးလွယ်ထားရသော လူနာအား ဆရာဝန်ကလေးက မေးမြန်းနေသည်.. “ဒါ… ဘယ်နှစ်ယောက်မြောက်လဲ” “၉ ယောက်မြောက်ပါဆရာ…” “ဟင် ဟုတ်လား….. သားကြောမဖြတ်သေးဘူးလား ……. အမျိုးသားကဘာလုပ်သလဲ..” “ဆရာရယ်… အမျိုးသားကဘာလုပ်သလဲဆိုတော့ ကျမ ကလေးတစ်ယောက်ပြီး တစ်ယောက်မွေးနေတာသာ ကြည့်ပါတော့ရှင်..” သူ့အလှ သူငယ်ချင်း ၂ ယောက် စကားပြောနေကြသည်…. “သူငယ်ချင်း ….. ခုငါကြိုက်နေတဲ့ ကောင်မလေးက တော်တော်ကိုလှတာကွ” “ဟုတ်လား ” “အေး…. သူ့မျက်ခုံးလေးတွေက ဇင်ယော်တောင်လေးတွေလိုပဲ….. မျက်လုံးလေးကလည်း ရွှေသမင်မျက်လုံးလေး… သူ့လည်တိုင်ကလေးဆိုရင် ဗျိုင်းကလေးလိုပဲ ….. လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာလေး….” “ဟင်…..ဟုတ်လား……..ဒါဆို မင့်ကောင်မလေးက လူနဲ့ မတူဘူးပေါ့… ” နားလည်မှု မြန်မာနိုင်ငံ ကျေးလက်ဒေသမှ တောင်သူဦးကြီးတစ်ယောက် […]