“ရယ်မောခြင်းသည် အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်သည်။” အခန်း (၁) ရှေ့နေသုံးယောက်နဲ့ အင်ဂျင်နီယာ သုံးယောက်ဟာ အစည်းအဝေးပွဲတစ်ခုကို ရထားဖြင့် ခရီးသွားနေကြပါ တယ်။ ဘူတာရုံတစ်ခုတွင် ရှေ့နေတစ်ယောက်စီက လက်မှတ်တစ်ဆောင်စီ ဝယ်နေချိန်တွင် အင်ဂျင်နီယာများက သူတို့သုံးယောက်စာအတွက် လက်မှတ်တစ်ဆောင်သာ ဝယ်ခဲ့ပါတယ်။ “လက်မှတ်တစ်စောင်တည်းနဲ့ မင်းတို့တစ်တွေ ဘယ်လို ခရီးသွားကြမလဲ” လို့ ရှေ့နေတစ်ယောက်က မေးပါတယ်။ “စောင့်ကြည့်လိုက်ပါ” လို့ အင်ဂျင်နီယာတွေထဲက တစ်ယောက်က အဖြေပေးပါတယ်။ ရထားပေါ်တက်ပြီးသောအခါ ရှေ့နေများက သူတို့ရဲ့ ထိုင်ခုံများတွင် ထိုင်လိုက်ကြပါတယ်။ ဒါပေမယ့် အင်ဂျင်နီယာသုံးယောက်က အိမ်သာတစ်ခုထဲကို ကျပ်ကျပ်ညှပ်ညှပ် ဝင်သွားပြီး တံခါးကို ပိတ်လိုက်ပါတယ်။ ရထားထွက်ပြီး မကြာခင်တွင် လက်မှတ်စစ် ရောက်လာပါတယ်။ သူက အိမ်သာတံခါးကို ခေါက်လိုက်ပြီး “ကျေးဇူးပြုပြီး လက်မှတ်ပေးပါ” လို့ […]