manawphyulayFebruary 8, 20111min761
အရှင်ဘုရား ရဟန်းတော်များ ဆေးရုံဆေးခန်းများသို့ တက်ရောက်ကုသရာ၌ ဆရာဝန်မ၊ သူနာပြုဆရာမများက သွေးစမ်းခြင်း၊ သွေးချိန်ခြင်း၊ စသည်ပြုရာ ၎င်းတို့နှင့် ရဟန်းတော်များ ထိတွေ့ကြမြဲဖြစ်ပါသည်။ ထိုကိစ္စ၌ ရဟန်းတော်များ အာပတ်သင့်၊ မသင့် အပြစ်ရှိ၊ မရှိ သံသယရှိပါသဖြင့် ဖြေရှင်းပေးတော် မူစေလိုပါသည်ဘုရား၊ တပည့်တော် ဃောသိက သံတွဲ- ရခိုင်ပြည်နယ်။ သာမန်အားဖြင့် ရဟန်းတော်များသည် မာတုဂါမများနှင့် ထိတွေ့ခြင်း၊ တိုးဝှေ့ခြင်း၊ မပြုမိအောင် ရှောင်ကြဉ်ရပါသည်။ ရဟန်းများနှင့် မာတုဂါမတို့ ထိတွေ့တိုးဝှေ့၍ သာယာမိလျှင် အပြစ်ရှိသည်ဟု သိမှတ်ထားကြသည်။ ကာယသံသဂ္ဂ သိက္ခာ ပုဒ်အရ အာပတ်သင့်လျှင် ဂရုကအာပတ် သံဃာဒိသိသ် အာပတ်မျိုးဖြစ်သဖြင့် သာမန်ဒေသနာကြား အာပတ်ဖြေရုံနှင့်မရ၊ ထုံးစံရှိသလောက် ရက်ချိန်ယူ၍ ပရိဝါသ်မာနတ် ဆောက်တည်ရသည်။ အမ္ဘာနတံဆောင် ရသည်။ ထို့ကြောင့် ရဟန်းတော် […]