Ma MaApril 20, 20141min32844
ရိပ်သာတစ်ခေါက်ဆိုလို့ တရားအကြောင်းရေးမယ်လို့ ထင်နေကြမယ်ထင်တယ်။ မဖတ်ဖြစ်ပဲ ခုန်ကျော်သွားမှာစိုးလို့ ကြိုတင်ရှင်းလင်းချက်ထုတ်ထားတာ။ 😀 အမှန်တော့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသလို ရိပ်သာရောက်ပြီး ပေါ်လာတဲ့အတွေးလေးတွေကို ရေးချင်လို့ ခေါင်းစဉ်ကို ဒီနာမည်ပေးလိုက်တာပါ။ 🙂 အဆိုးထဲက အကောင်း ဒီနှစ်သင်္ကြန်ဘယ်သွားမလဲလို့ အမွှာညီအမနဲ့လည်းသိ၊ ကိုယ်နဲ့လည်းသိတဲ့ မိတ်ဆွေတစ်ယောက်က မေးလာပါတယ်။ ထုံးစံအတိုင်း ရိပ်သာ ပေ့ါလို့ ဖြေလိုက်တယ်။ ဟာ- ရိပ်သာမသွားပါနဲ့အုံး။ အန်တီတို့နှစ်ယောက်အဖော်ရှိတာ လျှောက်လည်ကြပါလား လို့ ဆိုလာပါတယ်။ ဟိုးတုန်းက နှစ်သစ်ပြောင်းခါနီးလို့ ပြက္ခဒိန်အသစ်တွေ ထွက်ပြီဆိုတာနဲ့ မိသားစုတွေ ပိတ်ရက် ၂ရက်ဆက်ကို ပြက္ခဒိန်မှာ ရှာတော့တာကို သွားသတိရမိပါတယ်။ အနည်းဆုံး၂ရက်ပိတ်မှ ခရီးသွားဖို့ အဆင်ပြေတာမို့ အဲဒီလိုပိတ်ရက်ကို ကြို ကြည့်ပြီး ဘယ်သွားမလဲလို့ ကြိုတင်စီစဉ်တော့တာပါပဲ။ သင်္ကြန်ပိတ်ရက်ဆိုတာကတော့ နှစ်တိုင်းလျှောက်လည်ဖြစ်တာပေ့ါ။ မိသားစုတွေ မောင်နှမတွေ […]