ဆူးDecember 7, 20101min17111
နက်ဖြန် အလှူ အတွက် ဟင်းချက်နေရင်း သတိရတာနဲ့ ကောက်တင်လိုက်တာပါ။ ပုံကတော့ သိပ်မလှဘူး ဒယ်အိုးထဲမှာ ချက်တုန်း သတိရတာနဲ့ ကောက်တင်လိုက်တာပါ။ ငါးမြစ်ချင်း ၂ပိသာ ၅ဝသား ကို အလယ်ရိုးတွေ ထုတ်ပြီး အသားလွှာထားပါ။ ငရုတ်သီး ကြက်သွန်အဖြူ အနီ စပါးလင် ဂျင်း ငရုတ်ကောင်း လိုအပ်တယ်။ ကြက်သွန် အဖြူ အလုံးကြီး တလုံး နဲ့ အနီ ၃လုံး ခွာပြီး ဖြစ်သလို လှီးလိုက်ပါ။ စပါးလင် ၄တောင့် ကို အခွံခွာပြီး အတွင်းက အနုပိုင်းကို ယူပြီး ပါးပါးလှီးထားပါ။ ဂျင်း လက်တဆစ်ကို ခွံခွာ ပါးပါးလှီး ငရုတ်ကောင်းကို မီးဖုတ်ပြီး ကြိတ်လိုက်ပါ။ ငရုတ်သီး ကိုတော့ အိမ်မှာက အနီအပွတွေ […]