moonpoemAugust 28, 20121min70129
ကျွန်မမိတ်ဆွေ သတင်းထောက်တစ်ယောက် သတင်းယူပြီး အိမ်အပြန်ပြောပြတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ သတင်းရဲ ့အဓိကဇာတ်ကောင်ကတော့ဒါရိုက်တာတစ်ယောက်အကြောင်းပါ။ ရုပ်ရှင် မင်းသမီး၊ မော်ဒယ်လ် လုပ်ရင် ပုံမှန်လခစားဝန်ထမ်းတွေထက်ဝင်ငွေကောင်းတဲ့ ဒီခေတ်ကြီးထဲမှာ ဒီလိုအလုပ်လုပ်ချင်တဲ့ သူတွေများလာတာ မရှားပါဘူး။ ဒါတွေကို အခွင့်အရေးယူတဲ့ လူတွေ ပေါ်လာတာလည်း အဆန်းတော့ မဟုတ်ပါဘူး။ ဘယ်လောကမှာမဆိုကူညီချင်တဲ့ စိတ်နဲ ့ တကယ်ကူညီကြတာ ရှိသလို ကူညီသလိုလိုနဲ ့ ဖျက်ဆီးနေကြတာတွေက အပုံအပင်ပါ။ အခုလည်း မင်းသမီးလုပ်မယ်ဆိုရင် အရှက်မရှိရအောင် သင်တန်းပေးနေတဲ့ ဒါရိုက်တာတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။မင်းသမီးလုပ်မယ်ဆိုရင် အရှက်မရှိရဘူးဆိုတာ လူကြားသူကြားထဲ အရူးယောင်ဆောင်ဆိုလည်း ဆောင်ရမှာပါပဲ၊ မင်းသားနဲ ့ဖက်ဆိုလည်း ဖက်ရမှာပါပဲ။လိုချင်တဲ့သူအတွက် ပေးဆပ်ရမယ်ဆိုတာ မှန်ပေမယ့်လို ့ဒီဒါရိုက်တာရဲ ့အရှက်မရှိအောင် သင်တန်းပေးတာကတော့ တော်တော်ဆိုးဝါးတယ်လို ့မြင်ပါတယ်။ သူ ့သင်တန်းက မင်းသမီးတွေလူကြားထဲမှာ […]