etoneMay 17, 20111min1053
ရွာရောက်ပြီး လေးလခန့် အကြာ အစာလုံးဝစားလို့ မရတော့ပေ… စားသမျှ ပြန်အန်ထွက်လာသည်… ။ ဗိုက်ထဲတွင်လည်း နေလိုမကောင်းပဲ နာသည်ဟု မကြာခဏ ညည်းတွားရာ… ရန်ကုန်ပြန်တက်ပြီး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည် … ။ ထိုအချိန်တွင် ရောဂါ ကျွမ်းနေခဲ့ပြီဖြစ်ကြောင်း ဒေါ်ကျင်ရော …ဦးတင်ပါ … တွေးမထားခဲ့မိပေ… ။ ဆေးရုံရောက်မှ အခြေနေဆိုးရွားနေပြီဖြစ်ကြောင်း သိခဲ့ရသည်… ။ ဆေးရုံတွင် ခွဲစိပ်ကုသမှုခံယူခြင်းတမျိုး တည်းသာ ပြုလုပ်နိုင်သော အဆင့်ဟု သတ်မှတ်ပြီး… လူနာဧ။် သဘောတူညီချက်တောင်းသည် …။ လူနာမှာ အသက်ခြောက်ဆယ်ကျော်ဖြစ်ခြင်းအပြင် အားအင် ချိနဲ့ နေခြင်းကြောင့် ခင်ပွန်းဖြစ်သူဦးတင်သည် …ခွဲစိပ်ကုသမှူကို မခံယူခဲ့ပေ… ။ ဆေးရုံမှ ပြန်ဆင်းပြီး ရွာတွင်ပင် ခေါင်းချစေမည် ဟု စိတ်ကူးရှိလေသည်… ။  […]