Yin Nyine NwaySeptember 10, 20101min730
ကြိုးကျစ်ခုံ သျှမ်းဓါးလွယ်ကြိုးများမှာ သျှမ်းတိုင်းရင်းသား ပညာရှင် တစ်ဦး၏ တီထွင်ဖန်တီးခဲ့သေား ကြိုးကျစ်ခုံ အရွယ် အမျိုးမျိုးမျ ပြုလုပ်ကျစ်ရစ်ကြပါသည်။ ကြိုးကျစ်ခုံကလေးသည် အောက်ခံပျဉ်ခုံနှင့် တိုင်သုံးချောင်း သို့မဟုတ် လေးချောင်း၊ အမြင့် တစ်ပေစိုက်ပြီး ၂၄ လက်မပတ်လည်ရှိ ပျဉ်ပြားဝိုင်းအထူ ၁ လက်မ၏ အလယ်ဗဟိုတွင် အပေါက်ငယ် ၂ပိုင်း ၁ပိုင်းလက်မ ထွင်းပြီး၊ သို့တည်းမဟုတ် လိုအပ်သော ကြိုး၏ အရွယ်အစားအလိုက် အပေါက်ဝတွင် ၂ ပိုင်း ၁ ပိုင်းလက်မမှ ၃ ပိုင်း ၄ပိုင်း လက်မအထိရှိသည်။ ထိုအပေါက်ငယ်မှ ကြေး သို့မဟုတ် ငွေပြွန်ငယ် အမြင့် ၃ လက်မဖြင့် မြဲအောက်စိုက်ထူထားသည်။ ထိုပြွှန်ငယ်ပေါက်မှ လိုအပ်သော ချည်ခင်အဖြူကို ကောက်ညင်းဖြင့် ပြုလုပ်ထားသော အနက်ရောင် အနီရောင် […]