manawphyulayJanuary 8, 20111min21615
မိန်းမတစ်ယောက်ရဲ့ အသိဉာဏ်ဟာ တီထွင်ဖန်တီးဖို့ မဟုတ်ဘူး။ ချိုသာစွာ အမိန့်ပေးတတ်ဖို့ ဖြစ်တယ်။ စနစ်တကျဖြစ်အောင် စီမံတတ်ဖို့နှင့် အရည်အသွေးကို နားလည်တတ်ရမယ်။ ပြီးတော့ အသုံးကျမှုကိုသိဖို့နဲ့ ဘေးအန္တရာယ်နဲ့ ဖျားယောင်းမှုက လွတ်ကင်းနေရမယ်။ မိန်းမကောင်း မိန်းမမြတ်ဟာ အမှားကင်းပြီး သွေဖည်ခြင်းကင်းရမယ်။ အင်းနောက်တော့ ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံနေရမယ်။ ဘဝင်မြင့်ပြီး အကြင်နာကင်းတဲ့မာနက ကင်းရမယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိရမယ်။အေးချမ်းတည်ငြိမ်တဲ့ စိတ်နှင့်ပြည့်စုံပြီး မေတ္တာစိတ် ဆင်ခြင်စိတ်ရှိအောင် အတွေးအခေါ်နဲ့ ပညာ ပြီးတော့ လောကဓံတရားကို ကောင်းကောင်းသဘောပေါက်သူ၊ သမိုင်းကို ထက်မြက်တဲ့စိတ်ကူးဉာဏ်နဲ့ ဖတ်နိုင်စွမ်း၊ နားလည်နိုင်စွမ်း နှင့် ဘေးဒုက္ခတွေကို နှလုံးသွင်းတတ်တဲ့ ရင့်ကျက်စိတ်ရှိရမယ်။ မိန်းမတွေမှာ ပင်ကိုရှိနေတဲ့ နဂိုဗီဇစိတ်၊ ပါရမီစိတ်၊ သတိ၊ မေတ္တာ၊ သစ္စာတရားတွေဟာ ဘဝရဲ့ မဏ္ဍိုင်တွေ ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် […]